၂၅။ ကြာပန်းဖြူလေးနှင့် ရေတကောင်းပင်

3.9K 356 4
                                    

သခင်မကြီးသည် မိုးမခခြံ၀င်းမှ အတော်လေး ဝေးသော ရှူးယခြံ၀င်း၌ နေထိုင်ခြင်းဖြစ်သည်။

မန်ရှီသည် လမ်းပြခေါ်သွားပေးရင်း ရှင်းပြနေသည်။ " သခင်မကြီးက အရင်တုန်းက မင်ဟွေ့ခန်းမဆောင်မှာ နေတာပါ။ဒါပေမယ့် သခင်မလေးတို့ ထွက်သွားပြီးတဲ့နောက်မှာဘသခင်မကြီးက ရှူးယ ခြံ၀င်းက ပိုကျယ်ပြီး ပိုကောင်းတယ်ထင်တာကြောင့် ပြောင်းနေခဲ့တာပါ။ မင်ဟွေ့ခန်းမဆောင်ကိုတော့ တတိယကိုယ်လုပ်တော်ကို ပေးလိုက်တာပါ။ "

ဖုန်းယွိဟန် ခေါင်းညိတ်ပြလိုက်ပြီး ခြေလှမ်းများကို အရှိန်တင်လိုက်သည်။

" သခင်မလေး၊ အလျင်လိုဖို့မလိုပါဘူး။ အခုက စောသေးတာမို့ သခင်မကြီးက အိပ်ယာက ထဦးမှာ မဟုတ်ပါဘူး။ "

ဖုန်းယွိဟန်၏ နှုတ်ခမ်းများသည် ကော့တက်လာကာ ပြုံးပြလိုက်သည်။ " သူ့ကိုတွေ့ဖို့ ငါအလျင်လိုနေတာမဟုတ်ဘူး။ ဒါပေမယ့် နင် မြန်မြန်လေးတော့ လျှောက်။ နည်းနည်းလေး ချွေးစိုနေမှ အ၀တ်တွေက ပိုပြီး စိုစိုပြေပြေရှိလာမှာမဟုတ်ဘူးလား။ "

မန်ရှီသည် ယောင်ရှီနှင့် အရပ်တူတူလောက်ရှိသည့်အတွက် အ၀တ်များ၌သာ ပြစ်ချက်ရှိမနေပါက သူမနှင့် ကွက်တိတော်နေလောက်သည်။

" သေချာနားထောင်။ သခင်မကြီးရှေ့ကို ရောက်ရင် အရင်လိုပဲနေပြီး အရင်ကလိုပဲပြော။ တခြားလူတွေ သတိထားမိသွားအောင် မလုပ်နဲ့။ " မန်ရှီအား " ဒီအ၀တ်တွေ ၀တ်ခိုင်းထားတာက လက်သည်ဘယ်သူလဲ သိရအောင်လို့ပဲ။ အဲ့တာကို နင်က နာနာခံခံရှိနေရင် အခြားလူတွေက သံသယ၀င်လာကြလိမ့်မယ်။" ဟု သတိပေးလိုက်သည်။

မန်ရှ်ိီ ခေါင်းညိတ်ပြကာ " မစိုးရိမ်ပါနဲ့ သခင်မလေး။ ဒီအစေခံနားလည်ပါတယ်။ " ဟုပြန်ဖြေလိုက်သော်ငြား သူမ စိုးရိမ်လာပြန်ကာ " အိမ်တော်သခင်မက အစေခံတွေကို ပြင်းပြင်းထန်ထန်ဆက်ဆံတယ်ဆိုပေမယ့် ကျွန်မတို့ ကျင်း ၊ ယွီ ၊ မန် ၊ ထန်း ဆိုတဲ့ အစေခံလေးဦးကိုတော့ တကယ် အလေးထားတာပါ။ အထိန်းတော်လီကို ပိုပြီးအလေးထားတာမို့ အခု ကျွန်မတို့ထွက်လာတာနဲ့ အထိန်းတော်လီက သတင်းပို့ပြီးသားဖြစ်နေမှာပါ။ သခင်...သခင်မလေး အိမ်တော်သခင်မကို စိတ်မပျော်အောင် တစ်ခုခုလုပ်မှာတော့ မဟုတ်ဘူးမလား။ " ဟုမေးလိုက်မိသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now