၁၀၄။ ချန်ရှီကို ပိုပြင်းတဲ့ဆေးပေးရမှာပေါ့

3.3K 389 2
                                    

မော့ပုဖန်၏ စကားများ​ကို ကျန်လူအားလုံးက ထူးဆန်းသည်ဟု ထင်သွားကြလေသည်။ အားလုံးလည်း ချန်ရှီ၏ ၀က်၀ံလက်သည်းလိုလက်အား ၀ိုင်းကြည့်လာကြတော့သည်။ ထိုအခါ မော့ပုဖန်က ချန်ရှီ၏ ညာဘက်လက်ညှိုးကို ညွှန်ပြကာ " အားလုံးပဲ မြင်ကြပါရဲ့လား " ဟုမေးလာလေသည်။

၀ိုင်းကြည့်လိုက်ကြသည်အခါ ချန်ရှီ၏ လက်သည်းခွံများအောက်၌ အဖြူရောင်အမှုန့်များ ပေနေသည်ကို တွေ့လိုက်ကြရလေသည်။ အမှုန့်သည် အများကြီးမရှိတော့ဘဲ အနည်းငယ်သာ ကျန်နေတာဖြစ်သည်။

မော့ပုဖန်က ငွေအပ်ကိုသုံး၍ အမှုန့်များကို ယူလိုက်သော်လည်း ငွေအပ်၌ ဘာတုံ့ပြန်ချက်မရှိမရှိပေ ။ မော့ပုဖန်က ရှင်းပြသည်။ " ဒါကို အဆိပ်လို့ သတ်မှတ်လို့မရပါဘူး ၊ ဘာလို့ဆို ငွေအပ်က ဘာမှဖြစ်မသွားတဲ့အတွက်ပါ " ပြောပြီးနောက်တွင် မော့ပုဖန်က အမှုန့်လေးများကို နှာခေါင်းနားကပ်၍ အနံ့ခံကြည့်လေသည်။ ထို့နောက် ကျန်သမားတော်ကို ကမ်းပေးလိုက်သည့်အခါ ထိုသမားတော်ကလည်း ယူလိုက်ပြီး အနံ့ခံကြည့်လိုက်ကာ ပြောပြလေသည်။ " ဒါက အော့အန်ဆေးပါပဲ ၊ ကြည့်ရတာ သခင်မ သုံးတာက ဒီဟာဖြစ်လောက်ပါတယ် "

သခင်မကြီးသည် ဒေါသထွက်သွားသောကြောင့် သွေးတက်လာသဖြင့် သူမ၏ ၀တ်ရုံလက်ထဲသို့ လက်နှိုက်ကာ ဖုန်းယွိဟန်ပေးထားသော ကြွေပုလင်းလေးကို ထုတ်လိုက်လေသည်။ ထို့နောက် အနည်းငယ်ကို ပါးစပ်ထဲလောင်းထည့်၍ မျိုချလိုက်သည့်အခါမှသာ မူးဝေခြင်းလည်း မရှိတော့ဘဲ ပုံမှန်ပြန်ဖြစ်သွားလေ၏။

မော့ပုဖန်က သခင်မကြီး၏ အပြုအမူကို သတိထားမိသွားပြီး သခင်မကြီးထံသို့ သွေးခုန်နှုန်း လာစမ်းပေးပြီးနောက် သခင်မကြီး၏ လက်ထဲရှိ ကြွေပုလင်းလေးကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။ " သခင်မကြီးရဲ့ သွေးခုန်နှုန်းက မတည်ငြိမ်ပါဘူး ၊ သောကများရင် အတော်လေး သွေးတက်လာနိုင်ပြီး ဂရုမထားမိရင် အသက်အန္တရာယ်တောင် ထိခိုက်သွားစေနိုင်ပါတယ် ။ ကံကောင်းချင်တော့ သခင်မကြီးမှာ ထူးခြားတဲ့ဆေးကောင်းရှိနေတာပါပဲ ။ မဟုတ်ရင်တော့ တကယ်ပဲ အန္တရာယ်များလွန်းပါတယ် ။ ဒါပေမယ့်လည်း ကျွန်တော် သခင်မကြီး ဒီဆေးကို ဘယ်ကရလာတယ်ဆိုတာကို မပြောနိုင်ပါဘူး ။ နတ်ဆေးသမားတော်ယောင် မြို့တော်မှာရှိနေရင်တောင် ရဖို့မလွယ်လောက်ဘူးလို့တော့ ကျွန်တော် ထင်ပါတယ် ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now