၃၉။ အဖေ့ဆီ ဆေးကို မြန်မြန်သွားပို့လိုက်ဦး

3.6K 374 4
                                    

သမားတော်သည် အလေးအနက်ထားကာ ဇီရွေ့ နေမကောင်းစဥ်ကဖြစ်သည့် လက္ခဏာာများအား အထိန်းတော်စွန်းကို သေချာမေးနေလေသည်။ ပြီးမှသာ ဇီရွေ့၏ သွေးခုန်နှုန်းကိုတစ်ခါ မျက်စိကိုတစ်ခါ စမ်းသပ်ကြည့်လိုက်ပြီး " သခင်လေးက ဗိုက်မကောင်းရုံပါပဲ။ ကျွန်တော် ဆေးညွှန်းရေးပေးခဲ့ပါ့မယ်။ အဲ့အတိုင်း ရက်နည်းနည်းလောက် သောက်ပေးရင် အားလုံးကောင်းသွားမှာပါ။ " ဟုဆိုလာသည်။

ယောင်ရှီသည် ဖုန်းယွိဟန်ပြောသည့်အတိုင်းပင် သမားတော်ကလည်း တစ်ထပ်တည်း ပြောလာ၍ ဖုန်းယွိဟန်၏ ဆေးပညာအသိအား ပို၍ ယုံကြည်သွားတော့သည်။

၀မ်ချူးအန်းနှင့် ဖုန်းယွိဟန်ကတော့ အချင်းချင်းကြည့်လိုက်ကြကာ ဘာမှတော့ ၀င်၍မပြောကြ။ သခင်မလေးက သခင်လေးအား ဆေးတိုက်လိုက်ပြီးသည့်နောက် သခင်လေး၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်ကို ၀မ်ချူးအန်းမှာတွေ့ပြီးပြီဖြစ်၍ ရက်ကြာမယ်ဆိုလည်း ထိုဆေးခါးတွေအား သောက်ရန်တော့မလိုပါဘူးဟု တွေးနေမိတော့သည်။ ပြောရရင် သခင်မလေးမှာ ပိုကောင်းတဲ့ဆေးရှိနေတာပဲ မဟုတ်လား။

သို့ပေမယ့်လည်း ဖုန်းယွိဟန်၏ အကြည့်အားနားလည်၍ ၀မ်းချူးအန်း ဘာမှတော့ ထုတ်မပြောဖြစ်။

ဗိုက်မကောင်းရုံဆိုသည်အား ကြားသည့်အခါ၌ ချန်ရှီသည် အခန်းအပြင်မှ " ငါက အရမ်းစိုးရိမ်ရတဲ့ ရောဂါထင်နေတာ။ ပါးစပ်ဆော့ပြီး အစားသောင်းကျန်းလို့ ဖြစ်တဲ့ရောဂါတဲ့လား ။ " ဟု ခနဲ့၍ ပြောလာလေသည်။

ဟန်ရှီမှာ ကြိတ်၍ ပြုံးလိုက်သော်ငြား ဖုန်းယွိဟန် သူတို့ရှိရာဆီသို့ လျှောက်လာသည်ကို တွေ့လိုက်သည့်အခါ ချက်ချင်းဆိုသလို မျက်နှာပြန်တည်ထားလိုက်ရသည်။

" အမေ ပြောတာအမှန်ပါပဲ။ ဇီရွေ့က ပြင်းပြင်းထန်ထန်ဖြစ်တာမဟုတ်ပါဘူး။ ဖုန်းအိမ်တော်ရဲ့ သခင်လေးက အရမ်းကိုပဲ ကျန်းမာပါတယ်။ "

ဖုန်းယွိဟန်သည် ချန်ရှီအား ဇီရွေ့သည်လည်း ဖုန်းမိသားစု၏ သခင်လေးပေပဲမို့ အရမ်းဖိနှိပ်ပြနေစရာလိုဘူးဟု သတိပေးချင်တာဖြစ်သည်။

ချန်ရှီလည်း မကျေနပ်သလို နှာမှုတ်လိုက်ပြီး " ဘာပြဿနာမှမရှိရင်လည်း ငါပြန်တော့မယ်။ " ဟုဆိုလိုက်ကာ လှည့်ပြန်မည်အလုပ် ခြံ၀င်းအပြည့် လက်ဆောင်များအားတွေ့သွားပြန်ကာ ဒေါသထောင်းခနဲ ထွက်လာပြီး " နင်က လက်ဆောင်တွေရထားတာတောင် အကြီးအကဲတွေကို လက်ဆောင်ပြန်ပေးရကောင်းမှန်း မသိဘူးလား။ နင့်ကို ဘယ်သူက ဘာတွေကို ဘယ်လိုတွေ သွန်သင်ထားတာလဲ ! " ဟု ဆူလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now