၁၇၁။ အချို့သော ပျော်ရွှင်ဖွယ်အိပ်မက်တွေက အမှန်ဖြစ်မလာနိုင်ဘူး

2.2K 276 6
                                    

ထိုစကားများက အခန်းတွင်း၌ ရှိနေသူများအားလုံးကို အံ့အားသင့်သွားစေသည်။

ချွင်းနန်းတော် ? အဲ့ဒါက မင်းသားခုနစ်ရဲ့နန်းတော် မဟုတ်ဘူးလား ?

မင်းသားခုနစ်က ဖုန်းအိမ်တော်ကို အင်္ကျီတစ်စုံပို့လိုက်ပြီးတော့ အဲ့ဒါကလည်း ဖုန်းရှန်းရုန်အတွက်ပေါ့လေ ?

ဖုန်းရှန်းရုန်က ပါးစပ်လေးဟကာ ဆွံ့အလို့နေသည်။ သခင်မကြီးကမူ ဖုန်းရှန်းရုန်၏ကိုယ်ထဲ၌ ဖုန်းယွိဟန်၏၀ိညာဥ်များ ရောက်နေတာလားဟု တွေးနေလေ၏။

ရွှမ်ထျန်းဟွာက ဖုန်းယွိဟန်အား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည်ကို အားလုံးအသိပင် ။ ထိုသည်က မင်းသားကိုးနှင့် ပတ်သက်နေ၍သာ ဖြစ်လေသည်။ သို့သော်လည်း ယခုတွင်မူ ဖုန်းရှန်းရုန်ကို အင်္ကျီတစ်စုံ လက်ဆောင်ပေးလိုက်တာတဲ့လား ။ ထိုသို့ဆိုလျှင် လူအများက ဘယ်လိုတွေးကုန်ကြတော့မလဲ ။

သခင်မကြီးက ခဏအကြာမှ အစေခံလေးကို ပြန်မေးသည်။ " လာပို့သွားတဲ့သူကရော ဘယ်မလဲ "

အစေခံလေးက ပြန်ဖြေသည်။ " ဂိတ်ကိုလာပို့ပြီး ပြန်သွားတာပါတဲ့၊ အိမ်ထိန်းဟယ်ကတော့ ကုန်းကုန်းတစ်ယောက်လို့ ပြောပါတယ် "

သူမ တွေးတာသာမှန်ပါက တော်၀င်နန်းတော်အပြင်တွင် မင်းသားများ၏နန်းတော်များ၌သာ ကုန်းကုန်းများရှိတာဖြစ်သည်။ သို့ဖြစ်၍ ဖုန်းရှန်းရုန်ထံ သိလိုစိတ်ဖြင့် မေးလိုက်မိသည်။ " သမီးနဲ့ အရှင်မင်းသားခုနစ်နဲ့က တော်တော် ရင်းနှီးကြတာလား "

ဖုန်းရှန်းရုန် ခေါင်းခါပြလိုက်ပြီး အမှန်အတိုင်း ဖြေပေးလိုက်သည်။ " ရင်းနှီးတယ်လို့ကို ပြောလို့မရပါဘူး ၊ ဒုတိယအစ်မနဲ့အတူ နှစ်ကြိမ်သုံးကြိမ် တွေ့ဖူးတာမှန်ပေမယ့် အရှင့်သားက ဒုတိယအစ်မနဲ့ပဲ စကားပြောနေခဲ့တာပါ ၊ အရှင့်သားက ဘာလို့ပို့လိုက်တာလဲဆိုတာကို ရှန်းရုန်လည်း မသိပါဘူး "

ဖုန်းရှန်းရုန်က ဖြေနေရင်းဖြင့် မျက်နှာရဲလာတော့သည်။ မည်သို့ပင်ဆိုစေကာမူ မင်းသားခုနစ်ထံမှ အင်္ကျီလက်ဆောင်ရတာဖြစ်၍ ရင်ခုန်နေမိလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now