၁၁၉။ ဆောင်းဦးလယ်ပွဲတော်သို့ ဖိတ်ခေါ်ခြင်း

3.1K 373 1
                                    

ဖုန်းမိသားစု၀င်များလည်း ခေါင်းလှည့်ကာ ကြည့်လိုက်ကြမိသည်။ အဟုတ်ကိုပင် ၊ ရထားလုံးတစ်ခုသည် သူတို့ရပ်နေသည့် ဖုန်းအိမ်တော်ရှိရာသို့ ဦးတည်လာနေကာ တံခါးရှေ့သို့ရောက်သည့်အခါတွင် ရပ်လိုက်လေသည်။

ထို့နောက် ရထားလုံးပေါ်မှ နန်းတွင်းအ၀တ်အစားကို ၀တ်ဆင်ထားသော မိန်းမပျိုလေးတစ်ယောက် ဆင်းလာသည်။

ထ်ိုရထားလုံးအား သခင်မကြီး မှတ်မိနေရခြင်းမှာ နန်းတွင်းမှ မြို့တော်တွင်းရှိ အထင်ကရအိမ်တော်များသို့ စေလွှတ်သည့်အခါတိုင်း သုံးနေကြဖြစ်၍ပင် ဖြစ်ချေသည်။ ရထားလုံးထဲတွင် အပျိုတော်လေးများပါလာတက်ပြီး ဧကရီမှ ဦးဆောင်ကာကျင်းပမည့် ဆောင်းဦးလယ်ပွဲတော်သို့ တက်ရောက်ရန် ဖိတ်ကြားစာများကို လိုက်၍ပို့ဆောင်ပေးကြတာ ဖြစ်သည်။

ထိုကဲ့သို့ ဖိတ်ကြားစာများအား တစ်မိသားစုချင်းဆီသို့ ပို့ပေးတက်ပြီး မိသားစုအတွင်းရှိ သခင်မကြီး ၊ အိမ်တော်သခင်မနှင့် တရား၀င်သားသမီးများကို ဖိတ်ကြားတက်ပေသည်။

လွန်ခဲ့သောနှစ်များတွင် ဖုန်းမိသားစု၌ သခင်မကြီးတစ်ဦးသာ တက်ရောက်ခဲ့တာဖြစ်သည်။ ထိုမတိုင်မီကမူ ယောင်ရှီ တက်ရောက်ခဲ့တာဖြစ်၏။ ယခုနှစ်တွင်ကား ဖိတ်ကြားခံရသူများက မည်သူဖြစ်မည်ကို မသိရသေးပေ။

သခင်မကြီးက ရှေ့သို့ထွက်ကာ အပျိုတော်လေးကို ဦးစွာနှုတ်ဆက်စကားဆိုလိုက်သည်။ " ဪ ဒီနှစ်လည်း မိန်းကလေးပါပဲလား ၊ နောက်ဆုံးတွေ့ခဲ့တာတောင် တစ်နှစ်လောက် ကြာသွားပြိိီပဲ ၊ ဒါပေမယ့် မိန်းကလေးကတော့ တွေ့တဲ့အချိန်တိုင်း ပိုပြီးလှလှလာတော့တာပဲ "

အပျိုတော်လေးက ပြုံးပြပြီးနောက်တွင် သခင်မကြီးအား ဦးညွတ်ကာ ဂါ၀ရပြုလေသည်။ " ဒီမိန်းကလေးက သခင်မကြီးဖုန်းနဲ့ အမတ်ချုပ်ဖုန်းတို့ကို နှုတ်ခွန်းဆက်ပါတယ် "

သခင်မကြီးက " ယဥ်ကျေးနေဖို့ မလိုပါဘူး " ဟု အလျင်အမြန်ပင် ပြန်ဖြေသည်။

ဖုန်းကျင်းယွမ်ကလည်း ပြုံးပြ၍ ခေါင်းညိတ်ပြသည်။ " ဒီနေ့ ဖုန်းမိသားစုက ပျော်စရာကိစ္စလေးကို ဆင်နွှဲနေကြတာ ၊ အခုလေးတင်ပဲ ဒုတိယသားက ရှောင်ကျိုးက ဆရာကြီးယဲ့ရုန်ရဲ့တပည့်အဖြစ် ပညာသင်ဖို့သွားတာကို နှုတ်ဆက်နေကြတာလေ ၊ အခု မိန်းကလေးရောက်လာမှတော့ ရောက်တုန်ွရောက်ခိုက်လေး အိမ်တော်ထဲ၀င်ပြီး လက်ဖက်ရည်တစ်ခွက်လောက် သုံးဆောင်သွားပါဦးလား "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now