၇၄။ ဖူးတုဘုရားကျောင်းတွင် အမွှေးတိုင်ပူဇော်ဖို့ လာခဲ့ရသည့် အကြောင်းအရင်းအမှန်

3.6K 410 17
                                    

ဖုန်းယွိဟန် သူမ၏ အခန်းသို့ ပြန်ရောက်သည့်အခါ အခန်းထဲတွင် ၀မ်ချူးအန်း ၊ ဟူးအန်းချွမ်နှင့် ပန်ကျိုးတို့ ရှိနေလေသည်။

ပြောရလျှင် ဖုန်းယွိဟန်သည် ၀မ်ချူးအန်းနှင့် ပန်ကျိုး၏ အခင်းနေရာအား ခဏအတွင်း လက်စဖျောက်လိုက်နိုင်သည့်အရည်အချင်းအား အတော်လေး သဘောကျမိသည်။ ဖုန်းမိသားစုသည် သူမတို့ တိုက်ခိုက်ခဲ့သည့်နေရာတွင် ရပ်နေခဲ့သော်လည်း ဘာမှ သတိမထားမိဟု ပန်ကျိုးက ပြောပြလာ၍ သူတို့နှစ်ဦးသည် အချိန်တိုအတွင်း ဘယ်လောက်ထိ ရှင်းလိုက်နိုင်သည်ကို သိနိုင်လေသည်။

သူမကိုယ်တိုင်ကတော့ မြက်ခင်းထူကြီးများထဲတွင် ပုန်းနေခဲ့ကာ ဆေးခန်းနေရာလွတ်ကို အသုံးပြု၍ ဘုရားကျောင်းအရှေ့ဘက်ရှိ ခန်းမဆောင်ရှိရာသို့ ထွက်လာခဲ့လိုက်တာဖြစ်သည်။ ဇီရွေ့ကိုတော့ ဆေးခန်းထဲမှ ဆေးအကူအညီဖြင့် နှိုးလိုက်ကာ သူမနှင့်အတူ သရုပ်ဆောင်ခိုင်းခဲ့တာဖြစ်သည်။

ဘုန်းတော်ကြီးများ၏ ပူးပေါင်းမှုကိုတော့ အမှန်မှာ ပူးပေါင်းမှုဟုပင် ပြော၍ မရ။ အုန်းမောင်းခေါက်ကာ ရွတ်ဖတ်နေခဲ့သည့် ကိုရင်လေးသည် သူ့ဘေးတွင် ကောင်မလေးတစ်ယောက်က ရုတ်တရက် ဘယ်လိုပေါ်လာသည်ကို  နားမလည်နိုင်ဖြစ်နေရှာကာ တောင်အနောက်သို့ သွားကာ ဖုန်းမိသားစုအား သွားရှာပေးခဲ့သည့် ဘုန်းတော်ကြီးကိုတော့ ဖုန်းယွိဟန်သည် ဆေးခန်းထဲရှိ နှစ်တစ်ထောင် သက်တမ်းရှိ ဗုဒ္ဓဘုရား ပုတီးကိုပေးကာ အကူအညီတောင်းခဲ့တာဖြစ်သည်။

သူမသည် ဘုန်းတော်ကြီး၏ စရိုက်ကို ခန့်မှန်းကာ ထိုပုတီးအား အတိတ်တုန်းက ကြေးကြီးကြိီးပေးပြီးမှသာ ရလာတာဖြစ်သည်ဟု ဆိုခဲ့တာဖြစ်သည်။ လက်ရှိ ခေတ်တွင် ထိုအရာမျိုးသည် ရှာပါးလွန်း၍ ဘုန်းတော်ကြီးအတွက်တော့ အလွန်တန်ဖိုးရှိသည့် အရာဖြစ်လေသည်။

" အလောင်းတွေကို ရှင်းတုန်းက သဲလွန်စရော ချန်ထားခဲ့လိုက်သေးလား။ " ဖုန်းယွိဟန် သူမရှေ့ရှိ နှစ်ဦးအား မေးလိုက်သည်။

ပန်ကျိုးသည် ခေါင်းညိတ်ပြကာ ပြန်ဖြေလာသည်။ " ကျွန်တော် ဖုန်းကျင်းယွမ်ရဲ့ လူတွေ  ရှာတွေ့နိုင်လောက်အောင် တမင်တကာ သဲလွန်စ ချန်ခဲ့ပါတယ်။ တခြား ဖုန်းမိသားစု၀င်တွေကတော့ လိုက်ရှာရင်တောင် တွေ့နိုင်မှာ မဟုတ်ပါဘူး။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now