၁၃၁။ ဖုန်းယွိဟန် ငါ နင့်ကိုသတ်မယ် !

3K 375 9
                                    

ဖုန်းယွိဟန် စိတ်ခံစားချက်များကို ထိန်းချုပ်၍ မျက်နှာအမူအရာကို ပြန်ထိန်းထားလိုက်သည်။

သို့သော်လည်း သူမ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်ကို မျက်၀န်းနှစ်စုံက မြင်သွားသေးလေသည်။

ထိုမျက်၀န်းနှစ်စုံ၏ ပိုင်ရှင်များမှာ ရွှမ်ထျန်းမင်နှင့် ရွှမ်ထျန်းဟွာတို့ပင် ဖြစ်သည်။

" အခုတလော စစ်တန်းလျားကို မကြာမကြာ သွားဖြစ်နေတာလား " ရွှမ်ထျန်းဟွာ ဘေးသို့လှည့်၍ မေးလိုက်သည်။

ယခုအချိန်တွင် တင်းအန်းအရှင်သည် နောက်ဆုံးအနေဖြင့် ဧကရာဇ်ကြီးအား ၀ပ်တွားကာ ဂါ၀ရပြုနေလေ၏။

" ဟုတ်တယ် " ရွှမ်ထျန်းမင်၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခြင်းမရှိပေ ။

ခန်းမဆောင်ထဲတွင်မူ တင်းအန်းအရှင်အား နန်းတော်မှထွက်သွားနိုင်ရန် ခေါ်သွားပေးနေကြပြီဖြစ်သည်။ ယခုနှစ် တာ့ရွှမ်းပြည်၏ ဆောင်းဦးလယ်ပွဲတော်၌ တစ်ဦးတည်းသော အရှင်ဆိုသူမှာ ရာသက်ပန် အနားရသွားခဲ့ပြီဖြစ်သည်။

သတို့သားတစ်ဖြစ်လည်း ၀မ်နျော့မှာ တင်းအန်းမိသားစုနှင့်အတူ ရာထူးကိုဆုံးရှုံးလိုက်ရပြီး သူ့တွင် ကျန်နေခဲ့သည့် တစ်ခုတည်းသောအရာသည် အကျည်းတန်ဇန်ိီးတစ်ယောက်သာ ဖြစ်ပေသည်။

" ပုမိသားစုက ဒီနေ့ ဘေးကြုံခဲ့တော့ ပုကုံးက ပြန်လာလောက်တော့မယ်ထင်တယ် ၊ အစ်ကိုတော်က စစ်တပ်နဲ့ ပတ်သက်ပြီး ကူညီမပေးနိုင်တော့ မင်အာ ... မင်း သေချာ ဂရုစိုက်မှဖြစ်မယ် ၊ ဟိုမိန်းကလေး(ချင်လဲ့)ကတော့ ... သူမလည်း ကောင်းကောင်းမွန်မွန် နေရဖို့ရက် သိပ်ကျန်တော့မှာ မဟုတ်ပါဘူး "

" ဟက် ! " ရွှမ်ထျန်းမင်က ဆိုသည်။ " သူမက ဘယ်တုန်းက ကောင်းကောင်းမွန်မွန် နေနေရဖူးလို့လဲ ၊ အစ်က်ိုတော်ခုနစ် စိတ်မပူပါနဲ့ "

ထိုနှစ်ဦးက ဘာတွေပြောနေကြသည်ကို ဖုန်းယွိဟန် မသိသော်လည်း သူမအား စိုးရိမ်စွာ လှမ်းကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲနွေးထွေးသွားမိသည်။

ဤအခြေအနေသို့ ရောက်နေပြီဖြစ်၍ ပွဲတော်အား ဆက်၍ကျင်းပနိုင်စရာ အကြောင်းမရှိတော့ပေ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now