၆၉။ ဒီနှစ်တွေမှာ ၀က်တွေတောင် လူစကားပြောတက်နေပြီလား

3.7K 391 14
                                    

ပြောရပါလျှင် ဖုန်းမိသားစုမှ ဖူးတု ဘုရားကျောင်းသို့ သွားခြင်းသည် အစည်ကားဆုံးဟု ပြောရလောက်ပေသည်။ ဖုန်းဖန်းသိုက်မှလွဲ၍ မနေ့က ရှိနေခဲ့သူများအားလုံး လိုက်ပါရလေသည်။ ဒဏ်ရာများရှိနေသည့် ချန်ရှီနှင့် ဖုန်းဇီဟောင်ပင် လိုက်လာရလေသည်။ ဖုန်းကျင်းယွမ်သည်လည်း ညီလာခံမတက်ပါဘဲ အတူလိုက်ပါလာသည်။

ဖုန်းယွိဟန် ဖုန်းအိမ်တော်၏ တံခါးမကြိိးသို့ ရောက်သည့်အခါ သန်သန်မာမာရှိသည့် အထိန်းတော်များက ချန်ရှီအား သယ်ကာ မြင်းလှည်းပေါ်တင်နေသည်ကို တွေ့လိုက်ရသည်။ ထိုနောက်မှ လိုက်လာသူများက ယွီလော့ ၊ မန်ရှီနှင့် ပေါင်ထန်းတို့ ဖြစ်လေသည်။

ယနေ့တော့ ဖုန်းယွိဟန် ၀မ်ချူးအန်းကို သူမနှင့်အတူ ခေါ်လာကာ ဟူးအန်းချွမ်ကတော့ ဇီရွေ့နှင့် အတူရှိနေရပြီး အထိန်းတော်စွန်းကတော့ ယောင်ရှီ၏ ဘေးတွင် ရှိနေလေသည်။ ချင်းယွီကတော့ အိမ်တော်တွင်ပဲ ကျန်ခဲ့ကာ မိန်းမစိုးကျန်းနှင့် စာရင်းဇယားများကို ဖြေရှင်းနေလေသည်။ အခြားသော ပထမအဆင့် အစေခံလေးနှစ်ဦးကိုတော့ အိမ်တော်အား စောင့်ကြည့်ထားဖို့ရန် ထားခဲ့လိုက်သည်။

ဖုန်းယွိဟန်တို့ သုံးဦးသည် မြင်းလှည်းနှစ်ခုခွဲကာ ထိုင်လိုက်ကြရသည်။ ဖုန်းယွိဟန်သည် ယောင်ရှီ ၊  အထိန်းတော်စွန်းတို့နှင့်အတူ တစ်လှည်းတည်းထိုင်ကာ ဇီရွေ့ကိုတော့ အန်းရှီနှင့် ရှန်းရုန်တို့ပါသည့် လှည်းဆီသို့ ပို့လိုက်သည်။

ဖူးတု ဘုရားကျောင်းသည် မြို့တော်အပြင် လီလေးဆယ်အကွာရှ်ိ တောင်ကုန်းလေးပေါ်တွင် တည်ရှိလေသည်။ မြင်းလှည်းကိုသာ ပုံမှန်အတိုင်း မောင်းနှင်သွားပါက အကြမ်းအားဖြင့် လေးနာရီမှ ခြောက်နာရီလောက်သာ ကြာမြင့်လေသည်။

ဖုန်းမိသားစုတစ်စုလုံးသည် မနေ့ညက အိပ်မပျော်ခဲ့ကြ၍ လှည်းပေါ်ရောက်မှသာ ငိုက်မျည်းလာကြကာ  အတိုးချအိပ်ကြတော့သည်။ ဖုန်းယွိဟန်လည်း ယောင်ရှီ၏ မျက်ကွင်းများညိုနေသည်ကို တွေ့၍ " အမေ ၊ ခဏလောက် တစ်ရေးအိပ်လိုက်ပါလား။ " ဟုပြောလိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now