၁၉၃။ ဘယ်သူက နင်နဲ့ တစ်မိသားစုတည်းဖြစ်ရမှာလဲ

1.5K 188 4
                                    

စာဖတ်ဖော်ကောင်လေးက ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ပြပြီး ဖုန်းယွိဟန် မသိမည်ကိုစိုးသဖြင့် ထပ်ရှင်းပြသည်။ " လက်၀ဲအမတ်ချုပ်ဖုန်းလေ ၊ ကျွန်တော်တို့သခင်လေးက အမတ်ချုပ်ဖုန်းအစ်ကိုရဲ့ သားပါ "

သတိလစ်နေသော သခင်လေးဆိုသူကို ဖုန်းယွိဟန် သေချာကြည့်လိုက်မိသည် ။ သို့သော်လည်း ဘယ်လိုပင်ကြည့်နေပါစေ ဖုန်းကျင်းယွမ်နှင့် ဆင်သည့်နေရာ တစ်နေရာလေးပင်ရှိမနေပါ ။ မူလကိုယ်၏ မှတ်ဉာဏ်များထဲ၌ ရှာဖွေကြည့်ပါသော်လည်း သခင်မကြီးထံ၌ တစ်ဦးတည်းသောသား ဖုန်းကျင်းယွမ်သာရှိလေသည် ။ ထိုသို့ဆိုပါက ဒီတူလေးဆိုတဲ့သူက ဘယ်ကရောက်လာတာလဲ ။

ထိုအချိန်တွင် ရပ်ကြည့်နေကြသောသူများကလည်း တီးတိုးပြောလာကြတော့သည်။ တီးတိုးလှောင်နေသည်ဟုဆိုခြင်းက ပိုမှန်မည်ထင်ပါ့ ။ " တကယ်ပါပဲ ရေတက်တာမြင်ချင်တာနဲ့ပဲ နဂါးဂူကို ရေလောင်းချနေတာနဲ့ တိုးနေပါရော့လား ၊ နင့်ရှေ့ကသူက ဖုန်းမိသားစုကသမိီးလေ ၊ နင်တို့သခင်လေးသာ အမတ်ချုပ်ဖုန်းရဲ့တူဆိုရင် သူတို့က အမျိုးတွေဖြစ်နေမှာပေါ့ ! "

စာဖတ်ဖော်ကောင်လေးမှာ အံ့သြသွားပြီး ဖုန်းယွိဟန်ကို သေချာကြည့်လိုက်မိသည်။ ထိုအခါမှ ဖုန်းကျင်းယွမ်နှင့် အနည်းငယ်ဆင်သည်ကို သတိထားလိုက်မိသော်လည်း သူတစ်ခါမှ မမြင်ဖူးသူဖြစ်၍ ဘယ်သခင်မလေးဆိုသည်ကို မပြောနိုင်ဖြစ်နေသည်။

စာဖတ်ဖော်ကောင်လေး၏ မမှတ်မိဘူးဟူသည့် အရိပ်အယောင်ကြောင့် တစ်ယောက်က ၀င်ပြောလာသည်။ " မင်းတို့ လိမ်နေတာတော့မဟုတ်ဘူးမလား ၊ ဖုန်းမိသားစုက တရား၀င်သမီးကိုတောင် မမှတ်မိဘဲနဲ့များ မင်းတို့မိသားစုကသခင်လေးက အမတ်ချုပ်ဖုန်းရဲ့တူလို့ပြောရဲသေးတာလား "

တရား၀င်သမီးဟု ကြားသည့်အခါ စာဖတ်ဖော်ကောင်လေးက ​၀မ်သာသွားလေသည်။ "ဒီကသခင်မလေးက သခင်မလေးချန်းယွီလား ၊ တကယ်ပဲ သခင်မလေးချန်းယွီပါလား "

ဖုန်းယွိဟန် မျက်မှောင်ကြုံ့ကာ ပြန်ကြည့်ပေးလိုက်သော်လည်း ပြန်မဖြေပေးလိုက်ပါ ။ ထိုအစား ၀မ်ချူအန်းကသာ ဖြေပေးသည်။ " ဘာကို သခင်မလေးချန်းယွီလဲ ၊ ဒီပုဂ္ဂိုလ်က ဖုန်းမိသားစုက ပထမဇန်ီးဖွား သခင်မလေးပဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now