၁၀၇။ ဆိုတော့ ခြိမ်းခြောက်ပြီး ငွေညှစ်နေတာဆိုတော့ရော ဘာဖြစ်လဲ

3.3K 364 4
                                    

ရောက်လာသူသည် ဖုန်းယွိဟန် တစ်ခါမှ မတွေ့ဖူးသောသူဖြစ်သော်ငြား ရင်းနှီးနေသည်ဟု ခံစားနေရလေသည်။ ယောက်ျားလေးကဲ့သို့ပင် ၀တ်ဆင်ထားသော သူမဘေးရှိ ၀မ်ချူအန်းက တိုးတိုးလေးကပ်၍ ပြောပြသည်။ " ချန်မိသားစုက တတိယသခင် ချန်၀မ်လျန်ပါ "

ဪ !

ယခုမှသာ ဖုန်းယွိဟန် သဘောပေါက်သွားတော့သည်။ ချန်၀မ်လျန်က ဖုန်းဇီဟောင်နှင့် ရုပ်ဆင်ပြီး ချန်ရှီကဲ့သ်ိို့ မျက်နှာပေါက်ရှိသဖြင့် သူမ ရင်းရင်းနှီးနှီးမြင်ဖူးနေသည်ဟု ခံစားမိနေတာဖြစ်ပေသည်။ သို့သော်လည်း ထိုလူက ဘာအကြောင်းနှင့် ရာချီဆေးပင်ဆိုင်သို့ ရောက်လာသည်ကိုမူ ဖုန်းယွိဟန် မသိပေ ။

၀မ်လင်းသည် မြို့တော်၌ အလုပ်လုပ်နေခဲ့သည်မှာ နှစ်ချီနေပြီဖြစ်၍ ချန်၀မ်လျန်က သာမန်အ၀တ်အစားများကိုသာ ၀တ်ထားသော်လည်း ငွေကြေးကြွယ်၀သူဖြစ်သည်ကို သိနေလေသည်။ ထိုကဲ့သို့သောသူမျိုး ဆိုင်သို့ရောက်လာပါက ၀မ်လင်းကသာ တာ၀န်ယူနေကြဖြစ်ပေသည်။

ထို့ကြောင့် ဆိုင်ရှေ့သို့ အမြန်ထွက်သွားလိုက်ပြီး ၀မ်လင်း နှုတ်ဆက်လိုက်ကာ " ဒီကလူကြိိိီးမင်းက သမားတော်နဲ့ ပြချင်လို့ပါလား ဒါမှမဟုတ် ဆေး၀ယ်ချင်လို့ပါလား " ဟူ၍ အမေးဆိုလိုက်သည်။

ချန်၀မ်လျန်က အချိန်ဆွဲမနေဘဲ လာရခြင်းအကြောင်းကို ချက်ချင်းထုတ်ပြောလေသည်။ " မင်းတို့ဆီမှာ ထူးခြားဆန်းကြယ်တဲ့ ဆေးလုံးတွေရောင်းတယ်လို့ ကြားခဲ့တယ် ၊ ဟုတ်လား "

" ဪ ! အံ့အားသင့်လောက်တဲ့အထိတော့ မဟုတ်ပါဘူးဗျာ ၊ သာမန်ဆေးတွေထက်တော့ ပိုကောင်းပြီး သုံးရလွယ် သယ်ရလွယ် ဖြစ်ရုံလေးပါ " ၀မ်လင်းက ဆေးစွမ်းအား အကျယ်ချဲ့၍မပြောဘဲ သာမန်လိုသာ ပြန်ဖြေကာ အာနိသင်ကောင်းကြောင်းကိုတော့ ထည့်ပြောလေ၏။ သူမ ဆိုင်ရှင်ရွေးတာမှန်သားပဲဟုတွေးမိပြီး နားထောင်ရင်းဖြင့် ဖုန်းယွိဟန် ခေါင်းတစ်ညိတ်ညိတ်လုပ်နေမိသည်။

ချန်၀မ်လျန် ၀မ်လင်းကို ကြည့်လိုက်မိသည်။ လွန်ခဲ့သည့်သုံးနှစ်တွင် ချန်ရှီက ယောင်ရှီ၏ဆိုင်များကို ထိန်းချုပ်ထားနိုင်ခဲ့သဖြင့် ဆိုင်တွင်း၌ သူသိသောလူများ ရှိခဲ့လေသည်။ မကြာခဏ လာလေ့မရှိခဲ့သော်လည်း ချန်၀မ်လျန်သည် အဝေးမှနေ မကြာခဏ ထောက်လှမ်းနေခဲ့တာဖြစ်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWaar verhalen tot leven komen. Ontdek het nu