၁၇၆။ အစ်ကိုတော်သုံး လက်ဆောင်မပေးဘဲနေနေတာ မရှက်ဘူးလား

2.3K 290 12
                                    

လူအများက ဖုန်းမိသားစုအား အထင်သေးနှိမ့်ချသလို ကြည့်နေကြသည်ကို ဧကရာဇ်ကြီးက ကျေကျေနပ်နပ်ကြီး ကြည့်နေလေ၏။ ထိုသည်က အလွန်စိတ်၀င်စားဖို့ ကောင်းသည်ဟုထင်သဖြင့် ဧကရာဇ်ကြီးက စဥ်းစားကြည့်ပြီးနောက်တွင် ထပ်မိန့်ပြန်သည်။ " အမတ်ချုပ်ဖုန်းက ပထမအဆင့်အမတ်တစ်ယောက်ဖြစ်ပြီး ကိုယ်တော်တို့ရဲ့ အယုံကြည်ရဆုံး အမတ်တစ်ယောက်လည်းဖြစ်နေပေမယ့် ဖုန်းမိသားစုကပထမဇနီးမှာ ဘာဘွဲ့မှမရှိသေးတာက ကိုယ်တော့်ရဲ့ သတိမမူမိတာကြောင့်ပဲထင်တယ် "

ထိုသို့ကြားသည့်အခါ ယောင်ရှီကိုရော ဘွဲ့ချီးမြှင့်တော့မလို့လားဟု ဖုန်းကျင်းယွမ် ချက်ချင်းတွေးလိုက်မိသည်။

ထားလိုက်ပါတော့ ၊ ဧကရာဇ်ကြီးသာ အခြားကိစ္စတွေကို မစုံစမ်းဘူးဆိုရင် ဘွဲ့ပေးချင်တာဆိုလည်း ပေးပါစေပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းမိသားစုအတွက်က ဂုဏ်တက်လာတာပဲမို့ သူ့အတွက်က အရှုံးမရှိပေ ။ သ်ို့ပေမယ့်လည်း ...

ဖုန်းချန်းယွီကို လှမ်းကြည့်လိုက်မိသည့်အခါတွင် ကြိတ်၍သက်ပြင်းချလိုက်မိသည်။

ဖုန်းချန်းယွီ၌ ဇာမဏီကံကြမ္မာ တကယ်ရှိရှိမရှိရှိ မဖြစ်မနေ ရှိဖို့လိုအပ်သည့် တရား၀င်သမီးနေရာကတော့ မရှိတော့ပေ ။ ကိုယ်လုပ်တော်ဖွားသမီးဘ၀ကနေ ဧကရီဖြစ်လာတဲ့သူကို ဘယ်သူကမြင်ဖူးလို့လဲ ။

" ကျန်းယွမ် ၊ ပြည်သူ့ပိုးထည်နဲ့ ကျောက်စိမ်းပေလွှာပြင်ဆင်ပြီး အမိန့်တော်ချရေးလိုက် ။ ယောင်ရှန်းရဲ့သမီး ယောင် ... " ဧကရာဇ်ကြီးက ရုတ်တရက်ရပ်လိုက်ပြီး ဧကရီထံလှည့်မေးသည်။ " သူမက ယောင်ဘာဖြစ်တယ် ? "

ဧကရီက အမြန်ပြန်ဖြေပေးသည်။ " ယောင်ချန်းရော့ပါ "

" ဪ ဟုတ်သားပဲ ! " ဧကရာဇ်ကြီးက ဆက်မိန့်သည်။ " ယောင်ရှန်းရဲ့သမီးဖြစ်တဲ့ ယောင်ချန်းရော့ကို ပထမအဆင့် ချီးမြှောက်ခံကတော်တစ်ယောက်အဖြစ် ဘွဲ့ချီးမြှင့်လိုက်မယ် ၊ အဲ့ဒါကို ကိုယ်တော့်ရဲ့တံဆိပ်တုံးထုပြီး တစ်လောကလုံးသိအောင် ကြေညာပေးလိုက် "

ဖုန်းမိသားစု၀င်များအားလုံးမှာ " အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ် " ဟုဆိုလိုက်ကြရသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now