၉၈။ တင်းအန်းနန်းတော် ဘယ်ရောက်သွားတာလဲ

3.5K 501 9
                                    

ဟန်ရှီ မူးလဲသွားသည့်အတွက် ခြံ၀င်းတစ်ခုလုံး ယောက်ယက်ခတ်လို့နေ၏။ သူမ ပြဿနာရှာမိပြီဆိုသည်ကို ဖုန်းဖန်းသိုက်လည်း သိသော်ငြား အမေဖြစ်သူ ဘယ်လိုနေလဲဆိုသည်ကို လှည့်မကြည့်ဘဲ အခန်းထဲမှနေ ထွက်ပြေးသွားလေသည် ။

စုန်းရှုခြံ၀င်းတွင်မူ ဖုန်းကျင်းယွမ်သည် ချန်၀မ်လျန်ယူလာသည့် သူ့ရှေ့မှောက်ရှိ ငွေသားသုံးသန်းတန် ငွေတိုက်စာရွက်ကို ကြည့်လို့နေသည်။

ငွေသားသုံးသန်း ၊ သူ တကယ်ပဲ ထိုငွေသုံးသန်းကို လိုချင်သည် ။ မကြာသေးမီအချိန်အတွင်း အသုံးစရိတ်များစွာ ကုန်ကျထားသောကြောင့်ဖြစ်ပေသည်။ ဖုန်းအိမ်တော်အတွက်မဟုတ်ပါဘဲ မင်းသားသုံးအား သစ္စာရှိကြောင်း ပြသည့်အနေဖြင့် သုံးစွဲထားခြင်း​သာ ဖြစ်သည်။ ချန်မိသားစုက ပိုက်ဆံထုတ်ပေးနေသော်လည်း ထိုသည်က အခြေအနေတစ်ရပ်နှင့်အတူ ပေးနေတာဖြစ်၏။

" ယောက်ဖ " ချန်၀မ်လျန်က အကြံဉာဏ်ပေးသည် ။ " ကျွန်တော့်ရဲ့အစ်မက တကယ်ပဲ ပြဿနာတွေရှာထားတာ ဟုတ်ပါတယ် ။ ဒါကို ကျွန်တော်တို့ ချန်မိသားစုလည်း သိပါတယ် ။ ဒါပေမယ့် ယောက်ဖ ၊ ချန်ရှီနဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်သက်ကို မငဲ့ရင်တောင် ချန်းယွီကို ငဲ့မှဖြစ်မယ်လေ ! "

" ချန်းယွီက အမြဲတမ်း ငါ့ရဲ့ တရား၀င်သမီးပဲ " ဖုန်းကျင်းယွမ်အတွက် ထိုကိစ္စကတော့ ပြောင်းလဲမသွားနိုင်ပေ ။

ချန်၀မ်လျန်က ခေါင်းခါကာ ထပ်ပြောလေသည်။ " ယောက်ဖလည်း သိပါတယ် ၊ ဒုတိယသခင်မလေးဖုန်းရဲ့ စိတ်နေသဘောထားက ဘယ်လိုရှိတယ်ဆိုတာကိုလေ ။ ချန်းယွီက သူမရဲ့ တရား၀င်သမီးနေရာကို လုယူတယ်ထင်ပြီး လက်စားချေဖို့ ပြန်လာတယ်ဆိုတာကို ဘယ်သူက မသိလို့လဲ ။ သူမရဲ့ လုပ်ရပ်တွေအရဆို ချန်းယွီကို လုံး၀ချမ်းသာပေးမှာ မဟုတ်လောက်ဘူး ။ ချန်းယွီကို အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် လုပ်ပစ်မလားတောင် မသိပါဘူး ။ ပြီးတော့ မင်းသားကိုးကလည်း ထီးနန်းဆက်ခံနိုင်ဖို့ အခွင့်အရေးမရှိဘူးလေ ။ ဒါကြောင့်မို့လို့ ဖုန်းမိသားစုက သမီးတစ်ယောက်ကိုပဲ ကာကွယ်ရမယ်ဆိုရင် ....အဲ့သမီးတစ်ယောက်က ချန်းယွီပဲ ဖြစ်သင့်ပါတယ် ။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now