၁၆။ အလုပ်ပြီးမှ အစား စားရမယ်

3.8K 379 0
                                    

" ဟုတ်ပါတယ်! ဟုတ်ပါတယ်! " အထိန်းတော်လီက အရှေ့သို့တိုးကာ ယောင်ရှီအား တွဲပြီး သူမတို့အား အထဲသို့ဦးဆောင်ခေါ်သွားသည်။ သူမက ပြောလာသည်။ " အိမ်တော်သခင်မက ပြောတယ်။ ကိုယ်လုပ်တော်က အခုမှ အိမ်တော်ကိုပြန်ရောက်လာတာမို့ အားလုံးက အရင်လိုပဲ ဖြစ်သင့်တယ်တဲ့။ အစေခံအသစ်ခေါ်လိုက်ရင် ကိုယ်လုပ်တော်ယောင်ကို ကောင်းကောင်းမပြုစုနိုင်ကြမှာစိုးရိမ်လို့ အခုလောလောဆယ်တော့ အထိုင်ကျတဲ့အထိ ကူညီပေးဖို့ နည်းနည်း ၀ါရင့်တဲ့ အစေခံနှစ်ဦးကိုပဲ ခေါ်လာခဲ့လိုက်တယ်။ နောက်ပြီးမှ ကိုယ်လုပ်တော် သဘောကျ အစေခံလဲဖို့ ပြောပေးပါ့မယ်။ "

" အိမ်တော်သခင်မကို ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောပြလိုက်ပါ။ " ယောင်ရှီ ရှိုးတို့ရှန့်တန့်ဖြစ်သွားပြီး အထိန်းတော်လီထံမှ သူမလက်အား ပြန်ဆွဲယူလိုက်သည်။ အထိန်းတော်လီသည် ချန်ရှီဘက်တော်သားတစ်ဦးဖြစ်ပြီး ချန်ရှီ ကိုယ်လုပ်တော်အဖြစ်ရှိနေခဲ့စဥ်တုန်းကပင် အထိန်းတော်လီက ချန်ရှီအား တွေ့သည့်အခါတိုင်း ခါးကိုင်းသည်အထိ ဦးညွတ်ပြီး အိမ်တော်သခင်မဟု ခေါ်ခဲ့သည်။ ကံကြမ္မာအပြောင်းအလဲကြောင့် အခု ဖုန်းအိမ်တော်သို့ ပြန်ရောက်သည့်အခါ အားလုံးပြောင်းလဲသွားခဲ့လေပြီ။

အထိန်းတော်လီ၏ ဥိိီးဆောင်မှုဖြင့် အခြားသော အိမ်စေမိန်းကလေးနှစ်ဦးသည်လည်း သူတို့သုံးယောက်အား ဂါရ၀ပြုလာသည်။ တစ်ယောက်မှာမန်ရှီဟုခေါ်ပြီး နောက်တစ်ယောက်မှာ ပေါင်ထန်းဖြစ်သည်။

အိမ်စေနှစ်ယောက်မှာ ၁၆နှစ် ၁၇နှစ်အရွယ်သာ ရှိကြပြီး မန်ရှီမှာ အရပ်ပိုရှည်ကာ ပို၍လည်း ပိန်ပါးပြီး ပေါင်ထန်းမှာ အနည်းငယ်၀လေသည်။ ၂၁ရာစုမှလာခဲ့သည့် ဖုန်းယွိဟန်ကတော့ အနည်းငယ်၀သည်က ပို၍ ကြည့်ကောင်းသည့် ခန္ဓာကိုယ်အချိုးအစားဖြစ်သည်ဟု ထင်သည်။

ဖုန်းယွိဟန် အရှေ့ရှိ သုံးဦးအား သေချာကြည့်လိုက်မိသည်။ အစေခံတွေဟုပြောသော်ငြား သူတို့၏ ဘ၀င်ဟပ်နေသည့်ပုံနှင့် အပြုအမူများမှာ တော်ရုံမဟုတ်ပေ။ အိမ်စေမိန်းကလေးနှစ်ဦးမှာ မိတ်ကပ်ကိုပင် အနည်းငယ်လိမ်းထားသေးသည်။ အမေနှင့် ကလေးနှစ်ယောက်အား သေချာကြည့်ကြည့်ပါက အ၀တ်များမှာ စုတ်ပြဲနေပြီး အိမ်တော်အပြန်ခရီးကြောင့် ပို၍ပင် ဟောင်းနွမ်းနေလေသည်။ အကြောင်းမသိတဲ့သူသာ တွေ့ခဲ့ပါက အမေနှင့် ကလေးနှစ်ယောက်ကိုသာ အစေခံများအဖြစ်ထင်ကြမည်ဖြစ်ကာ သခင်များဖြစ်ကြမည်ဟု တွေးတောင်တွေးမိကြမည်မဟုတ်ပေ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now