၄၀။ သခင်မပြင်ပေးထားတဲ့ အားဆေးပါ

3.6K 375 0
                                    

အထိန်းတော်စွန်းနှင့် ကျင်းကျန့်တို့နှစ်ဦး ကျင်းယွီခြံ၀င်းထဲမှ မထွက်ရသေးခင်မှာပဲ အစေခံမလေးတစ်ဦးသည် သူတို့ဆီ ပြေးလာလေသည်။ ကျင်းကျန့်ကို တွေ့တော့မှသာ သက်မောချလိုက်ပြီး " တွေ့ပြီ။ " ဟုအော်လိုက်ပြီးနောက် အထိန်းတော်စွန်းပါ ရှိနေသည်ကို သတိထားမိသွား၍ ကျင်းကျန့်အား နည်းနည်းလှမ်းရာသို့ ဆွဲခေါ်သွားလေသည်။

သူမ ဆေးသွားပို့စဥ်က အထိန်းတော်စွန်းပါ ရှိနေခဲ့ပါက သူမအား ချက်ချင်း မှတ်မိနိုင်လောက်သည် ။ သူမသည် ဧည့်ဆောင်မှာနေသည့် သမားတော်ရွှီ၏ အခိုင်းအစေကောင်မလေးဖြစ်ကာ မိုးမခခြံ၀င်းသို့ ဆေးသွားပို့ခဲ့သည့် သူပင်ဖြစ်လေသည်။

ကျင်းကျန့်သည် ထိုအစေခံလေးနှင့် သိပ်၍ မရင်းနှီးပါ။ သူမအား လာရှာမှန်း သိသည့်အခါ စိုးရိမ်သွားကာ " တစ်ခုခုဖြစ်လို့လား။ " ဟုမေးမိသည်။

ထိုအစေခံလေးက သူမ၏ ကိုယ်ဖြင့် အထိန်းတော်စွန်း၏ မြင်ကွင်းအား ကွယ်လိုက်ကာ သူမ၏ ခါး၌ ဖွက်ထားသည့် တစ်စုံတစ်ရာအား ကျင်းကျန့်ထံ ပေးလိုက်သည်။ " ခုနလေးတင် တစ်ယောက်ယောက်က ဒီဟာကို သမားတော်ရွှီရဲ့ တံခါး၀မှာ ချထားခဲ့တာပါ။ သမားတော်က မိန်းကလေးကျင်းကျန့်ဆီ သွားပေးခိုင်းလိုက်လို့ပါ။ တစ်ခုခု ဖြစ်လို့လားဆိုတာတော့မသ်ိပါဘူး။ "

ကျင်းကျန့် ယူကြည့်လိုက်သည့်အခါ ထိုပစ္စည်းအား အ၀တ်ဖြူဖြင့်ပတ်ထားသော်ငြား သူမ ရင်ထဲ ခံစားချက်များ မကောင်းတော့။ ထိုအရာသည် ကောင်းသည့်အရာမဟုတ်မှန်း သူမသိနေသည်။

သူမ အ၀တ်အားဖယ်ကာ ကြည့်လိုက်ပြီးနောက် သူမရင်ထဲ ' ၀ုန်း ' ခနဲ ဖြစ်သွားမိသည်။ ထိုပစ္စည်းမှာ သူမ၏ ဖိနပ်ဖြစ်သည်။

တိတိကျကျပြောရပါက သူမ၏ ဖိနပ်တစ်ဖက်ဖြစ်သည် !

" ဘယ်သူ ပို့လ်ိုက်တာလဲ။ " သူမ အသံများတုန်လာကာ အမေးစကားဆိုမိသည်။ ဖိနပ်အား လက်ဆစ်များဖြူလာသည်အထိ ဆုပ်ကိုင်ထားလ်ိုက်ရင်း သူမ၏ မျက်နှာမှာ နှင်းဆီရောင်သန်းနေရာမှ စက္ကူစလို ဖြူဖျော့လာလေသည်။

" မသိပါဘူး။ " အစေခံလေးက ခေါင်းခါပြရင်း " သမားတော်ရွှီရဲ့ တံခါး၀မှာ ချထားတာကိုပဲ တွေ့ခဲ့တာပါ။ အစေခံတွေအကုန်လုံးကို မေးကြည့်ပြီးပေမယ့် ဘယ်သူကမှ သူစိမ်း၀င်လာတာက်ို မမြင်လိုက်ကြဘူးလို့ ပြောပါတယ်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now