၁၃၉။ အဖြူရောင် တစ္ဆေ

3K 344 11
                                    

နောက်တစ်နေ့ နံနက်စောစောတွင် ဖုန်းအိမ်တော်မှ အမျိုးသမီးတစ်စုသည် သခင်မကြီးအား ဂါ၀ရပြုကြရန် ရှုးယခြံ၀င်းတွင် လူစုနေကြပြန်၏။

ဖုန်းချန်းယွီက စားပွဲတွင် ထိုင်နေပြီး သူမ၏အစေခံနှစ်ယောက်ဖြစ်သည့် ယီလင်းနှင့် ယီယွဲ့တို့က နောက်တွင် ရပ်နေကြသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်ရှိနေပါသော်လည်း ရောင်နေသောလက်ကြောင့် ဖုန်းချန်းယွီမှာ ကိုင်သောက်ခြင်းမပြုနိုင်ပေ ။

ဖုန်းယွိဟန်ကမူ သခင်မကြီး၏ ခြေရင်းတွင် အခင်းခု၍ထိုင်နေပြီး သွေးခုန်နှုန်းစမ်းပေးနေလေ၏။

ထိုသို့သော အချိန်တိုင်းတွင် သခင်မကြီးက ဖုန်းယွိဟန်အား တကယ်ကိုတော်တာပဲဟု စိတ်ထဲမှ ချီးမွမ်းနေလေ့ရှိသည်။ ဆေးပညာအကြောင်းကို နားလည်တတ်ကျွမ်းသော မြေးမလေးရှိနေသဖြင့် အမြဲတမ်းလိုလို သမားတော်ခေါ်နေရခြင်းထက် ကောင်းပေသည်။ ဤအတိုင်းသာဆိုပါက မထင်မှတ်ထားသောကိစ္စများကိုလည်း ရှောင်ကြဥ်နိုင်ပေမည်ဖြစ်သည်။

" ဖွားဖွားရဲ့ ခန္ဓာကိုယ်က ကျန်းမာပါတယ် " သွေးခုန်နှုန်းစမ်းပြီးနောက်တွင် ဖုန်းယွိဟန် သခင်မကြိိီးအား ပြောပြလိုက်သည်။ " ဆောင်းဦးရောက်နေပြီဆိုပေမယ့် ခါးကိုက်ဒူးနာလည်းမရှိသလို သွေးခုန်နှုန်းကလည်း တည်တည်ငြိမ်ငြိမ်ပါပဲ "

ထိုသို့ကြားသောအခါ သခင်မကြီးက စိတ်ကျေနပ်သွားပြီး ဖုန်းယွိဟန်အား ဖောဖောသီသီ ချိီးကျူးစကားများပြောပြီးနောက်တွင် " တကယ်ကိုပဲ အားဟန်ကသာ အတော်ဆုံးပဲ " ဟုဆိုသည်။

ဖုန်းယွိဟန် သခင်မကြီးအား သတိပေးထားလိုက်သေးသည်။ " ဒါပေမယ့်လည်း ဖွားဖွား သည်းခြေအိတ်ကိုတော့ ဂရုစိုက်ရပါမယ်နော် ၊ အခုတလော မကြာမကြာ ဒေါသထွက်နေတာက သည်းခြေအတွက်မကောင်းပါဘူး "

သခင်မကြီး သက်ပြင်းသာချလိုက်မိသည် ။ မကြာမကြာ ဒေါသထွက်နေတယ် ? ဒေါသမထွက်တာကမှ ထူးဆန်းနေပေဦးမည် ။

ဘေးတွင် ထိုင်နေခဲ့သော ဟန်ရှီက မျက်လုံးလှန်ကာ ၀င်ပြောလာသည်။ " အိမ်တော်ထဲမှာ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေမှတော့ ဒေါသမထွက်တာကမှ ထူးဆန်းဦးမယ် " ပြောပြိီးနောက်တွင် ဖုန်းချန်းယွိီကို လှမ်းမေးသေးသည် ။ " ပထမသခင်မလေးရော ဘာပြောချင်သေးလဲ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now