၈၆။ ဖုန်းချန်းယွီကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ

3.5K 415 15
                                    

ထိုစကားများကြောင့် ဖုန်းယွိဟန် ဥယျာဥ်တစ်၀ိုက်ကို ကြည့်ကြည့်ကာ မှတ်ချက်ပေးမိသည်က အမြင်ကို မရှိကြဘူး ၊ တကယ်ကို အမြင်မရှိကြတာပဲ ! ဟူ၍ပင် ။

ကြည့်ရသည်မှာ တင်းအန်းနန်းတော်တွင် အနုပညာမျက်စိဆိုတာမျိုး မရှိသည့်ပုံပင် ။ အလှဆင်ထားပုံမှာ တကယ်ကိုပဲ ကြည့်၍မလှ ။ မလှမပ ပန်းများနှင့် ကြည့်မကောင်းရှုမကောင်း သစ်ပင်များသာ ရှိနေသည်မဟုတ်ပါဘဲ တွဲစပ်ထားသည့် အရောင်များမှာလည်း ထူးဆန်းလို့နေသည်။ အနီတောက်တောက်များကို ပန်းရင့်ရောင်များဖြင့် ရောနှောထား၍ ဖုန်းယွိဟန်မှာ ကြည့်လေ ခေါင်းကိုက်လေတောင် ဖြစ်လို့လာတော့သည်။ ယခင်ကတော့ ဤဥယျာဥ်သည် ယခုထက်ပိုလှသည်ဟု ပြောကြ၍ ဘယ်လိုမျိုး ဖြစ်ခဲ့သည်ကိုတော့ မသိနိုင်တော့ပေ ။ ရွှမ်ထျန်းမင် ရှို့ခဲ့သည့် မီးသည် အတော်လေးကြီးခဲ့သည့်ပုံပင် ။

မင်းသားကိုး၏ အကြောင်းပါလာသည့်အခါတွင် တစ်စုံတစ်ယောက်သည် ဖုန်းယွိဟန်အား ချက်ချင်းဆိုသလို မနာလိုအားကျဟန်ဖြင့် ကြည့်လေသည်။ ပြီးနောက် သူမသည် ဖုန်းယွိဟန်အား မျက်နှာချိုသွေးကာ ပြောလေသည်။ " ဒုတိယသခင်မလေးဖုန်းက တကယ် ကံကောင်းတာပဲနော်။ မင်းသားကိုး လက်ဆောင်တွေ ပို့ပေးတဲ့နေ့တုန်းက အကြောင်းတွေကို မြို့တော်ထဲရှိ လူကုန်သိကြတယ်လေ ။ ကျွန်မကြားတာတော့ မင်းသားကိုးက သခင်မလေးကို ခြံ၀င်းတစ်ခြံပါ လက်ဆောင်ပေးတာဆို ? "

ဖုန်းယွိဟန် ဘာမှပြန်မဖြေဘဲ ခေါင်းပဲ ညိတ်ပြလိုက်သည်။

အခြားတစ်ယောက်ကလည်း ၀င်ပြောလေသည်။ " အဲ့တာက ခြံ၀င်းလေးတစ်ခုပဲလေ ၊ ဘယ်လောက် တန်ဖိုးရှိမှာမို့လဲ။ ကျွန်မကြားတာတော့ စေ့စပ်လက်ဆောင်တွေထဲမှာ ရတနာငါးပါးပါ ပါတာတဲ့ ။ လရောင်နန်းတော် ပိုးသား ၊ တိမ်လွှာကင်းစင် ပိုးထည် ၊ ကောင်းကင်ပိတ်သား ၊ ပြည်သူ့ပိုးထည် နဲ့ မီးခိုးရောင် ပိုးထည်ပိတ်သား တွေတဲ့လေ ။ ပြီးတော့ တစ်လိပ်ချင်းစီတောင် မဟုတ်ဘူး ၊ အများကြီးပဲတဲ့ !  "

မိန်းကလေးအားလုံးသည် လှပသည့် ပိတ်သားများကို သဘောကျကြသည်မှာ ပုံမှန်ဖြစ်ကာ ရတနာငါးမျိုးအကြောင်းကို ​ကြားသည့်အခါ  အတွေးများ များသွားကြတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now