၁၁၈။ ကံကြမ္မာတူ အမျိုးသမီးများ

3.3K 358 4
                                    

ထိုနေ့ညတွင် ဖုန်းချန်းယွီသည် အိမ်တော်အပြင်၌ ညစာစားလေ၏ ။

စာထဲ၌ သူမအား မြို့တော်ထဲမှ မင်ယွဲ့စားသောက်ဆိုင် ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ ဖိတ်ခေါ်ထားလေသည်။ သို့သော်လည်း စာထဲတွင်မူ ပေးပို့လိုက်သူ၏ နာမည်မပါပေ ။

ယီယွဲ့၏ ပြောပြချက်အရ အိမ်တော်၏အစောင့်တစ်ဦးထံမှ ရလာတာဟုသာ သိခဲ့ရသည်။ စာကိုလာပို့သွားသူမှာ ကလေးလေးတစ်ယောက်သာဖြစ်ပြီး ဖုန်းအိမ်တော်မှလူအား စာပေးပြီးသည်နှင့် ထိုကလေးက ပြန်ပြေးထွက်သွားသည်ဟု ဆိုသည်။

ယီယွဲ့က ဖုန်းချန်းယွီ ယခုအချိန်မှ ထွက်သွားမည်ကို သဘောမတူချင်ပေ ။ ညနက်နေပြီဖြစ်သည့်အပြင် ပေးပို့သူက မည်သူမည်၀ါဖြစ်သည်ကို မသိရ၍ ထောင်ချောက်ဖြစ်နေမည်စိုး၍ ဖြစ်ပေသည်။

သို့သော်လည်း ဖုန်းချန်းယွိီက ထွက်သွားရန် ခေါင်းမာနေလေသည်။ ထိုစာက သူမနှင့် တစ်ဖက်တည်းရှိနေသူထံမှ ရောက်လာတာဖြစ်ရမည်ဟု ဖုန်းချန်းယွီ ခံစားနေရသည်။ ၄င်းအပြင် ထိုသူက သူမ၏ဘ၀အား ပြောင်းလဲပေးပစ်နိုင်လောက်သည်ဟုလည်း ထင်နေမိသည် ။

ယီယွဲ့လည်း ရွေးချယ်စရာမရှိတော့သဖြင့် ဖုန်းချန်းယွီနှင့်အတူ လိုက်လာခဲ့ရတော့သည်။ မြင်းလှည်းစီး၍ သူမတို့နှစ်ဦးသည် မင်ယွဲ့စားသောက်ဆိုင်သို့ ထွက်လာလိုက်ကြသည်။ ဒုတိယထပ်သို့ ရောက်သွားသည့်အခါတွင် စားပွဲထိုးလေးတစ်ယောက်က ရပ်စောင့်နေလေသည်။ သူမတို့နှစ်ဦးကိုမြင်သောအခါ အမြန်ရောက်လာပြိိီး " သခင်မလေးဖုန်း ဟုတ်ပါသလား " ဟူ၍ လာမေးလေ၏။

ဖုန်းချန်းယွီက အိမ်တော်မှထွက်မလာခင်တွင် ပု၀ါပါးပါသော ခေါင်းစောင်းကိုဆောင်းထားခဲ့တာဖြစ်သည်။ စားပွဲထိုးလေး၏ အမေးကို ခေါင်းညိတ်၍ အဖြေပေးပြီးနောက်တွင် သူ့နောက်မှလိုက်ကာ သီးသန်းခန်းသို့ လိုက်သွားလိုက်သည်။

သူမ ရောက်သွားသည့်အခါတွင် အခန်းထဲ၌ လက်ဖက်ရည်သောက်နေသူ တစ်ယောက်ရှိနေလေသည်။ သာမန်အ၀တ်အစားများကို ၀တ်ဆင်ထားကာ ၀ါးခမောက်ဆောင်းထားသော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now