၁၄၉။ ဒီတစ်ယောက်ကမှ ဖုန်းမိသားစုက ပထမဇနီးဖွား တရား၀င်သမီးပဲ

2.5K 302 7
                                    

ချန်မိသားစု၏ တားဆီးမှုကို ဖြတ်ကျော်ပြီးနောက်တွင် ဖုန်းမိသားစုသည် ဖုန်းထုံခရိုင်သို့ အလျင်အမြန်ပဲ ၀င်လို့ရသွားလေသည်။ ဖုန်းကျင်းယွမ် ခရိုင်၀န်၏ ဧည့်၀တ်ပြုကာ စားသောက်ပွဲကျင်းပပေးမည်ဟူသော ဖိတ်ကြားမှုအား ငြင်းဆိုပြီး တစ်မိသားစုလုံးအား ဖုန်းမိသားစု၏ခြံ၀င်းသို့ ခေါ်သွားလိုက်သည်။

အစပိုင်းတွင် ချန်မိသားစု၀င်များသည် ဒေါသဖြင့် သူတို့၏ရထားလုံးများနောက်မှ လိုက်လာခဲ့ကြသေးသော်လည်း ဖုန်းမိသားစုခြံ၀င်းအနီးသို့ ရောက်လာသည့်အခါတွင် ဆက်လိုက်လာခြင်း မရှိကြတော့ပေ ။

ဖုန်းမိသားစု၏ခြံ၀င်းသည် ခမ်းခမ်းနားနားမရှိဘဲ စာပေပညာရှင်တစ်ယောက်၏အိမ်ကဲ့သို့သော အငွေ့အသက်များကိုသာ ပေးနေလေ၏။

သူတို့ရောက်သွားသည့်အခါတွင် တံခါး၀၌ တစ်စုံတစ်ယောက်က စောင့်ကြိုနေသည် ။ ဖုန်းယွိဟန် ထိုသူအား ကြည့်လိုက်သည့်အခါတွင် အနည်းဆုံး အသက်ရှစ်ဆယ်နီးပါးရှိပြီဖြစ်သည့် အကြီးအကဲတစ်ယောက်ဖြစ်သည်ကို တွေ့လိုက်ရသည် ။ ထိုသူက အပြာရောင်အင်္ကျီကို၀တ်ဆင်ထားပြီး ဆံပင် ၊ မျက်ခုံးမွှေးများနှင့် မုတ်ဆိတ်မွှေးများအားလုံး ဖြူနေလေပြီ ။ ချန်မိသားစုမှ လူအိုကြီးနှစ်ယောက်ကဲ့သို့ မျက်နှာသည် သုန်မှုန်နေခြင်းအလျဥ်းမရှိဘဲ အသွေးအရောင် စုံစုံလင်လင်ရှိနေဆဲဖြစ်ပြီး ခါးလည်းမတ်လျက်ရှိနေဆဲပင်ဖြစ်သည်။

ဖုန်းကျင်းယွမ်နှင့် သခင်မကြီးသည် ထိုအကြီးအကဲ၏ရှေ့တွင် ဒူးထောက်လိုက်ကြပြီး " မျိုးနွယ်စုခေါင်းဆောင် " ဟုခေါ်လိုက်ကြသည်။

အပြန်လမ်းတစ်လျှောက်တွင် ဇာတိမြေမှ ဤအိမ်အကြောင်းကို ယောင်ရှီထံမှ ဖုန်းယွိဟန် ကြားခဲ့ရပြီးပြီဖြစ်သည်။ ဖုန်းကျင်းယွမ်က မြို့တော်မှာ အမတ်ဖြစ်လာကတည်းက ဖုန်းမိသားစု၀င်များသည် တစ်ယောက်ပြီးတစ်ယောက် အမြင့်သို့တက်ကာ ပြောင်းရွှေ့သွားကြသဖြင့် လူအများကြီးမရှိတော့ဘဲ လူအိုများနှင့် အားနည်းသူများသာ အိမ်ဟောင်း၌ ကျန်နေခဲ့တာဖြစ်ပေသည် ။

ဤမျိုးနွယ်စုခေါင်းဆောင်ဆိုသူသည် မကြာသေးမီကမှ အသက်ရှစ်ဆယ်ပြည့်ထားသူဖြစ်ပြီး ဖုန်းကျင်းယွမ်၏အဘိုးလက်ထက်မှ အကြီးအကဲဖြစ်ကာ ဖုန်းမိသားစုအတွင်း၌ အတော်လေး သြဇာသက်ရောက်သူ ဖြစ်ပေသည်။ ထိုသူသည် စည်းကမ်းတင်းကြပ်ပြီး တရားမျှတသူလည်းဖြစ်သည့်အပြင် လူငယ်မျိုးဆက်သစ်များကြားတွင် ၀င်မပါတတ်သော်ငြား ၀င်ပါပြီဆိုပါကလည်း ဘက်မလိုက်တတ်သူဖြစ်ချေ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now