၃၃။ ညည်းကို တကယ်မနိုင်တော့ဘူး

3.9K 720 28
                                    

ကံမကောင်းချင်တော့ မိန်းကလေးအားလုံး၏ လေးစားအားကျခြင်းကိုခံရသည့် ဧကရီပင် ထိုကဲ့သို့ လက်ခံရရှိဖူးခြင်းမရှိသည်ကို ချန်ရှီတို့သားမိနှစ်ဦး မသိကြရှာပေ။ မဟုတ်ပါက ထိုမျှလောက်များပြားသည့် ရတနာများက မင်းသားယွီလက်ထဲသို့ ဘယ်လိုရောက်လာပါ့မလဲ။

ဖုန်းယွိဟန်လည်း မူလကိုယ်၏ မှတ်ဉာဏ်များအရ ထိုပစ္စည်းများ၏ တန်ဖိုးကို သိလိုက်ရပြီး သက်ပြင်းချမိသွားတော့သည်။ အဲ့ဒီလူရဲ့ ပိုက်ဆံဖြုန်းတဲ့အကျင့်က သူမအား လက်ဖျားခါသွားစေသည်။

ဒါပေမယ့်လည်း တစ်ဖက်လူက လက်ဆောင်ပေးချင်သည်ဆိုမှတော့ သူမလည်း ငြင်း၍ မဖြစ်သည့်အတွက် အထိန်းတော်ကျိုးအား ပြုံးပြလိုက်ရုံသာရှိပြီး " အထိန်းတော်ကြီးကို မင်းသားယွီကို အားဟန်က ကျေးဇူးတင်တဲ့အကြောင်း ပြန်ပြောပေးပါဦးလို့ပဲ တောင်းဆိုရတော့မှာပဲ။ အားဟန် ဒါတွေကို အရမ်းပဲ သဘောကျပါတယ်လို့လည်း ပြောပေးပါဦး ။ " ဟု ပြန်ဖြေလိုက်ရတော့သည်။

ဖုန်းမိသားစု၀င်များမှာ မျက်လုံးကိုသာ လှန်လိုက်မိကြတော့သည်။ သဘောကျတယ်ဆိုရုံလေးပဲလား? ဒီလက်ဆောင်တွေက ဘာကိုဆိုလိုနေသလဲဆိုတာကို ဖုန်းယွိဟန် သိရောသိရဲ့လား ? ဒါတွေက သူမက ကံအကောင်းဆုံးမိန်းကလေးတစ်ယောက်ပဲလို့ ဆိုလိုနေတာလို့ !

ဖုန်းဖန်းသိုက်မှာ ထိုင်ချလိုက်ကာ အော်ငိုတော့သည်။ အခုမှ ဆယ်နှစ်ပြည့်ပြီးရုံ ကလေးတစ်ယောက်က ထိုကဲ့သို့ ထိတ်လန့်စရာများကို ဘယ်လို ကိုင်တွယ်တတ်ပါ့မလဲ ? မျက်ရည်များသာမက နှာရည်များပါ စီးကျလာကာ အနိုင်ကျင့်ခံထားရသည့် ကလေးတစ်ယောက်သဖွယ် အော်ဟစ်ငိုယိုနေတော့သည်။

ဟန်ရှီသည်လည်း သိသာစွာပင် ဒေါသထွက်သွားတော့သည်။ မျက်နှာပျက်အောင် လုပ်နေတာနဲ့ မလုံလောက်လို့ ထိုင်ပါအော်ငိုနေတာတဲ့လား?

သူမ ဒေါသထွက်လွန်း၍ ဖန်းသိုက်အား ခိုးပြီး ဆွဲဆိတ်လိုက်သော်ငြား ဖန်းသိုက်မှာ အငိုမရပ်သည့်အပြင် ပို၍တောင် အော်ငိုသွားတော့သည်။

ရှန်းရုန်သည် ဖန်းသိုက်၏ ဘေး၌ ရပ်နေရတာဖြစ်ပြီး ထိုသို့အော်ငိုနေသည်ကို တွေ့ရသည်မှာ သိက္ခာကျစရာဟု တွေးမိနေသော်ငြား " စတုတ္ထညီမ မင်ိုနဲ့တော့လေ ၊ အကုန်၀ိုင်းကြည့်​နေကြပြီ။ " ဟု ချော့မော့ပြောဆိုပေးလိုက်ရပါသေးသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now