၉၃ ။ မျိုးစေ့မှန်လို့ အပင်သန်တာ

3.6K 401 7
                                    

ဖုန်းယွိဟန်လည်း ရှန်းရုန်ကို လှမ်းမြင်လိုက်သည်။ ထို့အပြင် သူမ၏ အနံ့ခံအာရုံက စူးရှသဖြင့် အနံ့မွှေးမွှေးလေးတစ်ခုကိုပါ ရလိုက်သည်။

ဖုန်းယွိဟန်၏ အကြည့်များသည် ချက်ချင်းဆိုသလို အစေခံလေးဆွဲလာသည့် မုန့်ချိုင့်လေးထံ ရောက်သွားတော့သည်။ " ဘာမုန့်တွေ ယူလာတာလဲ။ "

၀မ်ချူးအန်းက ဆိုသည်။ " သခင်မလေး အခုလေးတင်ပြောလိုက်တော့ ကြက်ဥပြုတ်ပဲစားမှာဆို ။ "

" အဲ့တာက မနက်စာအတွက်ပဲ ပြောတာလေ။ သရေစာအတွက် မပါဘူး ။ " ဖုန်းယွိဟန်က အကြောင်းပြချက်ပြန်ပေးသည်။ " ရှန်းရုန် ၊ ကိုယ်လုပ်တော်အန်းက အချိုမုန့်တွေ လုပ်ပေးလိုက်ပြန်တာလား။ " ကိုယ်လုပ်တော်အန်းသည် အချိုမုန့်များ လုပ်ရာ၌ အလွန်တော်လေသည် ။ ဖုန်းယွိဟန်သာမကဘဲ ယောင်ရှီနှင့် ဇီရွေ့ပါ ကိုယ်လုပ်တော်အန်းလုပ်ပေးသည့် အချိုမုန့်များကို စားရသည်အား သဘောကျကြသည်။

ဖုန်းယွိဟန်၏ အမူအရာကြောင့် ရှန်းရုန်လည်း ပျော်သွားလေသည်။ မုန့်ချိုင့်လေးအား ဖုန်းယွိဟန်ထံပေးကာ ဖွင့်ကြည့်စေသည်။ " ပဲတီ ၊ ခေါင်ရန်း နဲ့ ဂန္ဓမာပန်း အဆာသွပ်မုန့်တွေလေ ။ ပြီးတော့ ဇီရွေ့ကြိုက်တဲ့ ပဲပေါင်မုန့်လေးတွေလည်း ပါသေးတယ်။ "

ဖုန်းယွိဟန် အကြိုက်တွေ့သွားမိသည်။ " ကိုယ်လုပ်တော်အန်းက အရမ်းသဘောကောင်းတာပဲ။ " ဖုန်းယွိဟန် ပဲတီအဆာသွပ်မုန့်ကိုယူကာ ချက်ချင်းပါးစပ်ထဲထည့်ပစ်လိုက်ချင်သော်လည်း ၀မ်ချူအန်း၏ အကြည့်ကြောင့် ယူရန်ပြင်ထားသည့် လက်ကို ပြန်ရုတ်လိုက်ရသည်။ " ၀မ်ချူအန်း ၊ ဒါတွေကို အမေနဲ့ ဇီရွေ့ဆီသွားပို့ပေးလိုက် ။ ငါ့ဖို့ ပဲတီအဆာသွပ်မုန့်လေး နည်းနည်းလောက်ချန်ထားပေးဦးလို့ ပြောလိုက်ဦးနော်။ " ပြီးနောက် ရှန်းရုန်၏ လက်ကိုဆွဲကာ " မေးရဦးမယ် ၊ ရှန်းရုန် ပျင်းရင် ဘာတွေလုပ်လေ့ရှိလဲ ။ " ဟု ဖုန်းယွိဟန် မေးလိုက်သည်။

ရှန်းရုန်က တစ်ခဏစဥ်းစားပြီး ပြန်ဖြေလာသည်။ " အပ်ချုပ်တယ်လေ ။ အခုတလော ကိုယ်လုပ်တော်အမေကို လက်ကိုင်ပု၀ါလေးတွေ ကူချုပ်ပေးဖြစ်နေတယ်
။"

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now