၆။ ခွဲစိတ်ခြင်း

4.8K 488 8
                                    

အသားစများခြစ်ထုတ်သည်ကို သူမကိုယ်တိုင်လည်း လုပ်နိုင်သည်။ ပိုပြီးသာအောင်တောင် လုပ်နိုင်မည်ဟုလည်း သိသည်။ သို့သော် သူမ၏ သရုပ်အမှန်အားလည်း ဖုံးကွယ်ထားရပေဦးမည်။ သူမက ၁၂နှစ်အရွယ် ကောင်မလေးတစ်ယောက်အရွယ်အဖြစ်သာ ဆက်ပြီး ဟန်ဆောင်နေရဦးမည်ဖြစ်သည်။ ကလေးမလေးတစ်ယောက်အရွယ်သာရှိနေသေးသည်။

အဖိုးအိုကလည်း ဆေးအိတ်ထဲမှ ခွဲစိတ်ရာတွင်သုံးသည့် ဓားငယ်လေးကို ထုတ်လိုက်ပြီး ဒူးတစ်၀ိုက်ရှိ အသားပုပ်များကို စတင်ဖယ်ရှားကာ ခွဲစိတ်ခြင်းကို စလိုက်ပြီဖြစ်သည်။

တစ်ချက်ပြီးတစ်ချက် ခြစ်ထုတ်နေခြင်းကြောင့် ဒဏ်ရာမှ သွေးများစီးကျလာသည်။ ပိုင်ဇျယ်က ကြည့်နေရင်းဖြင့် မျက်မှောင်တင်းတင်း ကြုံ့လို့ထားသည်။ ဖုန်းယွိဟန်နှင့် ပိုးထည်၀တ်လူငယ်ကတော့ ဘာမှမဟုတ်သလိုပင် ကြည့်နေကြသည်။

သူမ တည်ငြိမ်နေနိုင်သည်မှာ သုံးထားသော ဆေးအပေါ်တွင် ယုံကြည်မှု အပြည့်အ၀ရှိခြင်းကြောင့်ဖြစ်ပြီး သူတည်ငြိမ်နေခြင်းမှာတော့ နည်းနည်းလေးတောင် နာကျင်မှုကို မခံစားရသောကြောင့်ပင်။ သူလည်း မတတ်နိုင်ဘဲ ဆေးဘူးကိုသာ ထပ်ခါထပ်ခါ ပြန်ကြည့်မိနေတော့သည်။

အဖိုးအိုကလည်း သမားအိုပီသစွာ နည်းစနစ်ကျသည်။ သိပ်မကြာခင်မှာပဲ အသားပုပ်များကို ဖယ်လို့ပြီးသွားသည်။ ပိုင်ဇျယ်က ဒဏ်ရာဆေးဖို့ရန် ရေနောက်ထပ်သွားခပ်သည့်အချိန်ကို အခွင့်ကောင်းယူကာ ဖုန်းယွိဟန် ထပ်ပြီးစပရေးဖျန်းလိုက်သည်။ ပိုးထည်၀တ်လူငယ်မှာ နှမြောလာ၍ " ကိုယ်လုံး၀မနာသေးတာမို့လို့ နည်းနည်းလောက်လျှော့သုံးလေ " ဟုပြောလာသည်။

" ရှူး " သူမ သူ့အားကြည့်ပြီး တားလိုက်တော့မှသာ သူလည်း လက်လျှော့သွားတော့သည်။

အဖိုးအိုက လက်နှစ်ဖက်လုံးကိုသုံးပြီး ခုံညင်းရိုးကို ကိုင်ထားပြီး ပြောလာသည်။ " ကျွန်တော်မျိုး အရိုးကိုပြန်ဆက်ပါတော့မယ်။ အရိုးတွေပြန်ဆက်လို့ပြီးသွားရင် ဆက်ထားတဲ့နေရာကို ပတ်တီးစည်းပေးပါ့မယ်။ အဲ့ဒါပြီးရင်တော့ လုံလုံလောက်လောက်အနားယူဖို့ပဲ လိုပါတော့တယ်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now