၁၄။ မင်းသားကိုးမှာ ပြဿနာတစ်ခုခုဖြစ်သွားတာပဲ

4.3K 455 0
                                    

ဖုန်းကျင်းယွမ် အကြည့်ပြန်ရုတ်လိုက်သည်။ သူ့ရဲ့ သမီးဖြစ်သူက မထိန်းကွပ်နိုင်သည့်အခြေအနေသို့ ဘယ်အချိန်တည်းက ရောက်သွားမှန်း မသ်ိတော့ပေ။ သူမက အိမ်တော်ကိုပြန်ရောက်ရုံသာရှိသေးသော်ငြား ချန်ရှီအား စကားလုံးအနည်းငယ်ဖြင့်ပင် ဒေါသထွက်အောင် ဆွပေးနိုင်ပြီးတော့ သူမနှင့် လုံး၀မဆိုင်သလိုပင် နေလိုက်သေးသည်။ ဒီပြဿနာသည် သူမကြောင့် ဖြစ်လာသည်ဟု လုံး၀ ယူဆထားသည့်ပုံမပေါ်ပေ။

" အမေ ! " ချန်ရှီသည် ဖုန်းကျင်းယွမ်အား ထပ်မံ အထွန့်တက်၍မရတော့သည်ကို သိပြီး  အမျိုးသမီးကြီးဘက်သို့ လှည့်ကာ ထိုအခြေအနေအား ပြောင်းလဲပေးဖို့ရန် မျှော်လင့်နေသည်။

အမျိုးသမီးကြီးသည်လည်း ဖုန်းကျင်းယွမ်၏ ယောင်ရှီနှင့် ကလေးများအပေါ်ထားသည့် သဘောထား ရုတ်ချည်းပြောင်းလဲသွားသည့်အတွက်ကြောင့် သူမသည်လည်း နားမလည်နိုင်ဖြစ်သွားကာ ထိုသို့မဖြစ်စေလို့သည့် ဆန္ဒရှိနေသည်။ သို့သော် သူမသည် ချန်ရှီလောက်ထိတော့ သဘောထားမသေးသိမ်ပေ။ အခုလေးတင် သူမသားက အစေခံဆီမှ စကားကို ကြားပြီးမှ စိတ်ပြောင်းသွားခြင်းဖြစ်၍ အပြင်၌ တစ်စုံတစ်ရာ ဖြစ်သွားလို့သာ ဖြစ်ရပေမည်။

သူမ ချန်ရှီအား စူးစူး၀ါး၀ါး တစ်ချက်စိုက်ကြည့်လိုက်ပြီး ကြိမ်တံအား ကြမ်းပေါ်သို့ ထပ်၍ ရိုက်ချလိုက်သည်။ " ခင်ပွန်းဖြစ်သူက ဆုံးဖြတ်ချက်ချပြီးနေပြီ။ မရဘူးလို့ ငြင်းဖို့ ညည်းမှာ အခွင့်အရေးရှိလို့လား ! ချန်းယွီ ၊ အမေ့ကို ပြန်လိုက်ပို့ပေးလိုက်။ "

အမျိုးသမီးကြီးမှ ရှင်းရှင်းလင်းလင်း ဆိုလာပြီဖြစ်၍ ဖုန်းချန်းယွီလည်း ချန်ရှီအား ထပ်မံ၍ ပြဿနာရှာစေရန် မ၀ံ့ရဲတော့ပေ။ ချန်ရှီ၏ အနားနားကပ်ကာ သူမတိုးတိုးလေး ကပ်၍ ပြောလိုက်သည်။ " အမေ စိတ်မပူပါနဲ့။ အ​ဖေ့မှာလည်း သူ့ရည်ရွယ်ချက်နဲ့သူရှိမှာပါ။ အဖေက ချန်းယွီကို မမျှမတဆက်ဆံမှာ မဟုတ်ပါဘူး။ "

ချန်ရှီ သူမ၏ ယောက္ခမဖြစ်သူအား မ၀ံ့မရဲကြည့်လိုက်ကာ လက်ထဲရှိ လက်ကိုင်ပု၀ါအား လုံးချေလိုက်ပြီး သမီးဖြစ်သူနောက် စိတ်မပါတပါဖြင့် လိုက်သွားတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now