၆၀။ ဒီမင်းသားက စကားပြောနေတာကို မင်းက ဘာမို့လို့ ကြားဖြတ်ပြောရတာလဲ

3.9K 496 21
                                    

ဖုန်းဇီဟောင် အော်ဟစ်နေသည့်အချိန်မှာပဲ ကျင်းယွ်ီခြံ၀င်းသို့ ပစ္စည်းရှာရန်သွားသည့် အစေခံများ ပြန်ရောက်လာလေသည်။ အစေခံများထဲမှ မိန်းကလေးနှစ်ဦးမှာ သိသိသာသာ ရိုက်နှက်ခံထားရကာ ငိုနေကြလေသည်။

သခင်မကြီးသည် မြင်ရသည်ကို စက်ဆုပ်ဟန်ဖြင့် " ဘာဖြစ်နေကြတာလဲ။ " ဟူ၍ မေးလေသည်။

အထိန်းတော်ကျောက်သည် သခင်မကြီး၏ ဘေးသို့ လျှောက်သွားလိုက်ကာ ရှင်းပြသည်။ " သူတို့ကို သခင်မက ရိုက်လွှတ်လိုက်တာပါ။ သခင်မက  သူမရဲ့ ခြံ၀င်းကို လာရှာကြတယ်ဆိုတာ သိသွားပြီးနောက် ပြဿနာရှာပြီးတော့ အစေခံမလေး နှစ်ယောက်ကို တောက်လျှောက် ရိုက်နှက်တော့တာပါပဲ။ "

သခင်မကြီးသည် စိတ်ရှုပ်သွားတော့သည်။ " အဲ့မိန်းမယုတ်ကတော့ ဘယ်လိုလုပ်လုပ် ငါတို့ ဖုန်းအိမ်တော်ရဲ့ အိမ်တော်သခင်မ ဖြစ်ကို မဖြစ်သင့်ဘူး ! "

အထိန်းတော်ကျောက်သည် သခင်မကြီး၏ ၀တ်ရုံလက်အားဆွဲကာ ခေါ်လိုက်ပြိိီးနောက် သခင်မကြီးထံ တစ်စုံတစ်ရာကို ပေးလေသည်။ " ဒါကို ပထမသခင်မလေးရဲ့ ခေါင်းအုံးအောက်ကနေ ရှာတွေ့ခဲ့တာပါ။ "

ထိုစကားများကို အားလုံး ကြားလိုက်ကြရ၍ လည်ပင်းတမော့မော့ဖြင့် လှမ်းကြည့်ကြလေသည်။ ဖုန်းဇ်ိီဟောင်သည်လည်း မူလနေရာကပင် လှမ်း၍ မျှော်ကြည့်လေသည်။

သခင်မကြီးသည် လက်ထဲရှိ အရာကို တွေ့သွားပြီးနောက် တုန်ယင်လာတော့သည်။ သူမ သည်အသက်သည်အရွယ်ထိ နေလာပြီးမှတော့ မမြင်ဖူး မတွေ့ဖူးသည့်အရာများမှာ မရှိသလောက်ပင်။ ဖုန်းချန်းယွီ၏ ခေါင်းအုံးအောက်တွင် တွေ့လာသည့်အရာသည် စုန်းအတက်ပြုစားရာတွင် သုံးလေ့ရှိကြသည့် အရုပ်လေးဖြစ်လေသည်။

သခင်မကြီးသည် အရုပ်အား မှောက်ကာ ကျောဘက်သို့ ကြည့်လိုက်သည့်အခါ ဖုန်းဇီဟောင်ဟု ရေးထားသည့် စာလုံးကြီးများနှင့် မွေးရက်ကိုပါ တွေ့လိုက်ရလေသည်။ သခင်မကြီးမှာ ချောက်ထဲပြုတ်ကျသွားသလိုပင် ခံစားလိုက်ရသည်။ ဘာလို့များ မြေးတစ်ယောက်လေးကတောင် သူမအား စိတ်ချမ်းချမ်းသာသာ နေခွင့်မပေးရတာလဲ !

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now