၃၂။ တိုင်းပြည့်ရတနာ

4.1K 409 14
                                    

ချန်ရှီ ' အား ' ခနဲ အော်မိသွားပြီး သခင်မကြီးက ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်သည်အား ဂရုမစိုက်တော့ပါဘဲနှင့် " ဘာလို့ လာရိုက်နေတာလဲ။ " ဟု ပြန်အော်မိသွားတော့သည်။

သခင်မကြီးမှာ ဒေါသထွက်လွန်း၍ " ညည်း ပါးစပ်ကိုပိတ်ထားအောင်လို့လေ ! " ဟု ပြန်၍ အော်ဟစ်တော့သည်။

အထိန်းတော်ကျိုးသည် ခေါင်းတစ်ခါခါဖြင့် " ကြည့်ရတာ အမတ်ချုပ်ဖုန်းက ဧကရာဇ်ရဲ့ အတွေးတွေကို ဖတ်ရတာ တော်တော်လေးတော်တဲ့ပုံပဲနော်။ ဒါပေမယ့်လည်း တစ်ခုခုကို နားလည်မှုလွဲနေတာလား ဆိုတာကိုတော့ သေချာမသိရှာဘူးပဲ။ " ဟု ၀င်ရောက်၍ ပြောဆိုလိုက်သည်။

ဖုန်းကျင်းယွမ်မှာ ခေါင်းပင် ပေါက်ထွက်လာတော့မတတ် ခံစားသွားရကာ ချန်ရှီ့အပေါ် ငြိုငြင်နေမှုမှာလည်း အဆုံးထိတိုင် ဖြစ်သွားတော့သည်။

" အထိန်းတော်ကြီး " ဖုန်းယွိဟန် မှနေ၍ " အားဟန်က အဖေ့ကို ယုံကြည်ပါတယ်။ အဖေက သေချာပေါက် အရှင်မင်းကြီးရဲ့ ဆိုလိုရင်းကို နားလည်မှုလွဲနေတာတော့ မဟုတ်လောက်ပါဘူး။ တကယ်ဆို ဒါတွေအားလုံးက ဖုန်းမိသားစုရဲ့ အတွင်းရေးပါပဲလေ ။ အားဟန်ရဲ့ အမေက လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖုန်းမိသားစုကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးခဲ့ပေမယ့် အဖေကတော့ အချစ်ဦးကို အစွဲအလမ်းကြီးတဲ့သူ ဖြစ်နေတာမို့လို့နေမှာပါ။ အဲ့ဒါကြောင့်မို့လည်း ဒီလိုတွေဖြစ်လာရတာက.....အဖေ့ရဲ့ ပြဿနာရှာတတ်တဲ့ အမူအကျင့်ကြောင့်ပဲဖြစ်မှာပါလေ။ "

ဖုန်းကျင်းယွမ် လက်သီးတင်းတင်းဆုပ်မိသွားသည်။ ဖုန်းယွိဟန်၏ ' အချစ်ကြီးတဲ့သူ စွဲအလမ်းကြီးတဲ့သူ ' ဆိုတာသည် ဘာလို့ နားထဲ၌ ကြားရသည်မှာ ကန့်လန့်ဖြစ်နေရတာပါလိမ့်။ အဲ့တာက သူက မစဥ်းစားဘဲနဲ့ ဇနီးနေရာကို ကိုယ်လုပ်တော်နဲ့ အစားထိုးပစ်လိုက်တယ်လို့ စောင်းမြောင်းပြောချင်နေတာပဲ မဟုတ်ဘူးလား ?

" အားဟန် မဟုတ်တမ်းတရားပြောနေတာတွေကို တော်လိုက်တော့။ " ဟု သတိပေးစကား ဆိုလိုက်ရတော့သည်။

ဖုန်းယွိဟန်မှာ အံ့သြသွားသည့်ဟန်ဖြင့် " အားဟန် က အဖေ့ကို နားလည်မှုလွဲသွားမိပါတယ်။ ဒါဆို အဖေက တကယ်ပဲ (ဧကရာဇ်ရဲ့ ဆန္ဒကို) နားလည်မှုလွဲ...."

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now