၄၆။ ညသန်းခေါင် သူခိုး၀င်ခြင်း

3.7K 395 1
                                    

အားလုံး တိတ်ဆိတ်လို့သွားကြသည်။ ချန်ရှီသည် လူအားလုံး၏ စက်ဆုပ်ရွံရှာခြင်းကို ခံရသည့်သူ ဖြစ်လို့သွားတော့သည်။

ချန်ရှီသည် ခင်ပွန်းမိသားစု၏ စီးပွားရေးကိုသာ လက်၀ါးကြိိီးအုပ်ချင်သည် မဟုတ်ဘဲ ကိုယ်လုပ်တော်များ၏ ပိုင်ဆိုင်မှုများကိုပါ လိုချင်နေကာ သခင်မကြီး၏ ပိုင်ဆိုင်မှုကိုပင် အလွတ်မပေးချင်သည့် သဘောသက်ရောက်သွားသည့်အတွက် ဖြစ်လေသည်။ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးအား တာ့ရွှမ်းပြည်၌ လုံး၀မကြားဖူးခဲ့ကြပေ ။

သခင်မကြီးသည် သူမလက်ထဲရှိ ကြိမ်တံအား လက်ဖြင့် အသာအယာပွတ်သပ်နေရင်း အတော်လေးကြာမှ အမေးစကားဆိုလာလေသည်။ " ကျင်းယွမ် ၊ ဒီမိသားစုရဲ့ မျိုးရိုးက ဖုန်းမျိုးရိုးလား ၊ ချန်မျိုးရိုးလား။ "

ဖုန်းကျင်းယွမ်ကလည်း ချက်ချင်းပြန်ဖြေသည်။ " ဖုန်းမျိုးရိုးပါ။ "

" ဒါဆို ဘာလ်ို့ ဒီမိန်းမယုတ်က ဖုန်းမိသားစုထဲမှာ ဒီလိုတွေ လာတောင်းဆိုနေရတာလဲ။ "

" ချန်မိသားစုက လိုချင်တာလို့ ကျွန်မ တစ်ခါမှ မပြောခဲ့ဘူးလေ။ " ဟူ၍ ချန်ရှီသည် ၀င်ရောက်ငြင်းဆိုလေသည်။

ဖုန်းယွိဟန်သည် နားမလည်ဟန်ဖြင့် " ချန်မိသားစုက မလိုချင်ဘူးလား။ ဒါဆို ဖုန်းမိသားစုက လိုချင်နေတာလား။ ဒါပေမယ့် ဧကရာဇ်ကြီးက ခင်ပွန်းသည်က သူ့ဇနီးတွေဆီကနေ ဆိုင်တွေ စီးပွားရေးတွေက်ို လုယူခွင့်မပြုဘူးလို့ မိန့်ထားတယ်လေ ! ဒါဆိုရင် ဒီလိုလုပ်နေတာက ဖုန်းမိသားစုက တော်၀င်အမိန့်တော်ကို ဆန့်ကျင်နေတာပဲ ! " ဟုဆိုလိုက်သည်။

" အဓိပ္ပာယ်မရှိတာတွေ ! " ဟူ၍ ဖုန်းကျင်းယွမ် ထအော်တော့သည်။

သခင်မကြီးကလည်း မေးပြန်သည်။ " ငါတို့ ဖုန်းမိသားစုက လိုချင်တာလို့ ဘယ်တုန်းက ပြောဖူးလို့လဲ။ "

ချန်ရှီသည် ထိုစကားများကြောင့် ချောင်ပိတ်မိနေကာ ဘာမှ ပြန်မဖြေတက်တော့။

" ဖုန်းမိသားစု နာမည်ကို သုံးပြီး ကိုယ်လုပ်တော်ယောင်ရဲ့ ဆိုင်ကို ယူထားပြီး ပြန်မပေးဖို့ကို ဘယ်သူကမြှောက်ပေးနေလို့ အမေ လုပ်ရဲနေရတာလဲ။  အမေ ၊ ဒီလိုပဲ လုပ်နေရင် ဖုန်းမိသားစု ဘာတွေဖြစ်ကုန်မလဲဆိုတာကိုရော မတွေးတော့ဘူးလား။ " ဟု ဆိုရင်း ဖုန်းယွိဟန်သည် ဖုန်းမိသားစုအတွက် ခုခံပြောဆိုပေးနေသလို ဟန်ဆောင်လိုက်သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now