၉။ ကတ်သီးလေး လွတ်မြောက်ခြင်း

4.1K 474 5
                                    

ယောင်ရှီနှင့် ဖုန်းဇီရွေ့သည် လှည်းနောက်ဖျားတွင် အနားယူနေကြပြီး အထိန်းတော်စွန်းမှ ဘေးတွင်ထိုင်ကာ ပူအိုက်နေကြမည်ကိုစိုး၍ ဖြည်းညင်းစွာ ယပ်ခတ်ပေးလို့နေသည်။

ဖုန်းယွိဟန်သည် အထိန်းတော်စွန်းအား ယုံကြည်ပါသော်ငြား လှည်းမောင်းသမားကိုတော့ဖြင့် အနည်းငယ်မျှ မယုံနိုင်ပါ။ ရှီးဖင်းရွာ၌ ရွှီရှီအား ရိုက်သည့်ပုံကိုကြည့်ပါက လူကောင်းတစ်ယောက် မဟုတ်မှန်း သူမ အတပ်ပြောနိုင်သည်။

" အထိန်းတော် လှည်းထဲမှာပဲ နေခဲ့လိုက်ဦး။ ကျွန်မ အပြင်ထွက်ပြီး လေညှင်းခံလိုက်ဦးမယ်။ " အထိန်းတော်စွန်းအား မှာပြီးနောက် ဖုန်းယွိဟန် ကန့်လန့်ကာကို တွန်းကာ လှည်းအပြင်သို့ထွက်လိုက်ပြီး လှည်းမောင်းသမားဘေး၌ ထိုင်လိုက်သည်။

လှည်းမောင်းသမားက သူမ ထွက်လာမည်မထင်ထား၍ အနည်းငယ် တောင့်တင်းသွားသည်။ ပြီးမှ ဟန်လုပ်ပြုံးပြရင်း သူမအား " ဒုတိယ သခင်မလေး " ဟု နှုတ်ဆက်လာသည်။

ထိုသည်က ဖုန်းအိမ်တော်၏ ရာထူးအဆင့်ဆင့်ပင်ဖြစ်သည်။ သူမ၏အထက်တွင် ဖုန်းချန်းယွီဟုခေါ်သော အစ်မကြီးတစ်ယောက်ရှိကာ သူမကပင် ယောင်ရှီအား ပဏာမဇနီးနေရာမှ ဖယ်ရှားခံရကာ ချန်ရှီအား အမြင့်သို့တက်သွားစေသည့် အကြောင်းအရင်းဖြစ်ပေသည်။ အခုအချိန်မှာတော့ ချန်ရှီက ပဏာမဇနီးဖြစ်သည်။

" ဦးလေး တစ်နေ့လုံးတစ်ညလုံး လှည်းမောင်းနေရတာ တော်တော်ပင်ပန်းမှာပဲနော်။ " သူမ ခန္ဓာကိုယ်ကို နောက်သို့ နည်းနည်းလှန်ကာ လှည်းအား မှီချလိုက်သည်။ သူမ ညာလက်ကို ဘယ်လက်၀တ်ရုံထဲထိုးထည့်လိုက်ပြီး ဇာမဏီပုံမွေးရာပါအမှတ်လေးအား ထိလိုက်သည်။

" ဒုတိယသခင်မလေး ဘာကိုပြောချင်တာပါလဲ။ ဒါက ဒီအစေခံရဲ့ အလုပ်ပဲလေ။ " လှည်းမောင်းသမားက ဇက်ကြိုးများကို ဆွဲကာ ပြောသော်ငြား ဖုန်းယွိဟန်၏ ထူးဆန်းနေမှုကိုတော့ သတိမထားမိလိုက်ပေ။ လှည်းက ပိုမြန်သည့် အရှိန်ဖြင့် ဆက်သွားလို့နေသည်။

ဖုန်းယွိဟန် နှုတ်ခမ်းကိုက်လိုက်သည်။ " ဖုန်းအိမ်တော်က အစေခံတွေက အရမ်းသစ္စာရှိကြတာပဲနော်။ "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now