၁၄၈။ အသက်မရှင်ချင်တော့ဘူးလား

2.4K 270 5
                                    

ရာချိီဆေးပင်ဆိုင်မှကိစ္စသည် ပြေလည်သွားပြီဖြစ်၍ ဖုန်းကျင်းယွမ် သက်ပြင်းချနိုင်သွားတော့သည် ။

ယခုတလောတွင် နန်းတွင်းအရေးကိစ္စများသည် မရှင်းမလင်းဖြစ်လို့နေ၏။ ဧကရာဇ်ကြီးက အချို့သောမင်းသားများကို ထူးထူးခြားခြား မျက်နှာသာပေးခဲ့ဖူးပြီး အချို့ကိုမူ အပြစ်ပေးကာ ရာထူးချခဲ့ဖူးသော်လည်း အစဥ်တစ်စိုက် ချစ်ခင်အလိုလိုက်ခံခဲ့ရသူမှာ မင်းသားကိုးတစ်ဦးသာလျှင် ဖြစ်ချေသည် ။ သို့ပါသော်ငြား ထိုပုဂ္ဂိုလ်သည် အသုံးမ၀င်တော့သူတစ်ယောက်သာ ဖြစ်သဖြင့် မှူးမတ်များအား တိုးတိုးကြိတ်ကြိတ် ဆွေးနွေးမှုများ ဖြစ်နေစေတော့သည် ။

နန်းတွင်းအရေးထက်ပို၍ ရှုပ်ထွေးနေသည်က သူ့မိသားစုဖြစ်သည့် ဖုန်းမိသားစုပင်ဖြစ်သည်။ သမီးနှစ်ယောက်အနက် တစ်ဦးသည် ထပ်ခါတစ်လဲလဲ ချီးမြှောက်ခံနေရပြီး အခြားတစ်ယောက်သည်ကား ကြိမ်ဖန်များစွာ အပြစ်ပေးခံနေရလေ၏။ သို့ဖြစ်၍ ၀န်ကြီးချုပ်ဖြစ်သည့် သူ့အတွက် နားမလည်နိုင်ဖြစ်နေရတော့သည် ။

သို့သော်လည်း ဖုန်းကျင်းယွမ်သည် ဖုန်းယွိဟန်က မည်မျှပင် ချီးမြှောက်ခံနေရပါစေ သူ  မထိန်းချုပ်နိုင်သော အခြေအနေအထိ ရောက်လာမည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါ ။ ဖုန်းယွိဟန်၌ အာဏာရှင်တစ်ပိုင်းဖြစ်သော မင်းသားကိုးက နောက်ခံအဖြစ် ရှိနေပေးသော်လည်း ဖုန်းမိသားစုတွင်မူ ဘာဆိုဘာမှ မရှိချေ ။

ဖုန်းကျင်းယွမ် ရွှမ်ထျန်းဟွာအား တစ်လေးတစ်စား ခါးညွတ်ကာ ဂါ၀ရပြုလိုက်သည်။ " ဖုန်းမိသားစုအတွက် အခုလို ဖြေရှင်းပေးတဲ့အတွက် မင်းသားချွင်းကို ကျေးဇူးအများကြီး တင်ပါတယ် "

ရွှမ်ထျန်းဟွာကမူ ကြင်ကြင်နာနာ မျက်နှာထားအတိုင်းပင် ရှိနေပြီး ခေါင်းကိုသာ ခပ်ဖွဖွညိတ်ပြလေသည်။ " တစ်ရိုတစ်သေ လုပ်နေဖို့ မလိုပါဘူး အမတ်ချုပ်ဖုန်း ၊ ဒီကိစ္စက လက်လေးတစ်ချက် မြှောက်လိုက်ရုံလောက်ကို လွယ်တဲ့ကိစ္စပါ ၊ ပြီးတော့ ကိုယ်တော့်ရဲ့ညီမလေးကို ကူညီရတာပဲလေ " ပွင့်ပွင့်လင်းလင်းရော သွယ်သွယ်၀ိုက်၀ိုက်ရော သူ့စကားများသည် ဖုန်းယွိဟန်ကို ကူညီပေးခြင်းသာ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေလေ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now