၈၈။ အစေခံများအတွက် ဗျတ်စောင်းတီးပေးခြင်း

3.6K 423 19
                                    

သီချင်းများနှင့် ကပြဖျော်ဖြေခြင်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း လူအများ၏ အာရုံသည် လှပသည့် ကချေသည်များထံတွင် မရှိကြတော့ဘဲ မင်းသားချွင်း ရွှမ်ထျန်းဟွာသည် ဖုန်းမိသားစုမှ ဒုတိယသခင်မလေးနှင့် မည်သည့်အကြောင်းများ ပြောနေကြသည်ကိုသာ စိတ်၀င်စားနေကြလေသည်။ နှစ်ဦး၏ ရင်းရင်းနှီးနှီးစကားဆိုနေမှုကိုကြည့်ကာ မနာလိုဖြစ်နေကြသည်။

တကယ်က ရွှမ်ထျန်းဟွာသည် ဖုန်းယွိဟန်အား " ဘာလို့ စားပွဲပေါ်မှာ လက်ဖက်ရည်လေးတစ်ခွက်တောင် ရှိမနေရတာလဲ။ " ဟုမေးနေတာဖြစ်သည်။

ဖုန်းယွိဟန်ကတော့ စိတ်ထဲမထားသလို အဖြေကိုသာ ပြန်ပေးလေသည်။ " အားဟန်တို့ကို သဘောမကျလို့ နေမှာပေါ့ ။ " တွေးကြည့်ရရင် သူမနှင့် ရွှမ်ထျန်းဟွာတို့ တွေ့ဆုံကြသည်မှာ နှစ်ကြိမ်သာ ရှိသေးသော်လည်း အတော်လေး ရင်းနှီးနေကြသလို ပြုမူနေမိကြတာဖြစ်လေသည်။ ရွှမ်ထျန်းဟွာ၏ တစ်သီးတစ်သန့်နေတက်ခြင်းအကျင့်သည် သူမနှင့်တော့ အလုပ်ဖြစ်သည့်ပုံမပေါ်ပါ။ သူမကလည်း အစ်ကိုတော်ခုနစ်ဟု ခေါ်ရသည်ကို နှုတ်ကျိုးနေသည့်အတိုင်း လွယ်ကူစွာခေါ်နေမိလေသည်။

ရွှမ်ထျန်းဟွာသည် အစေခံလေးယူလာပေးသည့် လက်ဖက်ရည်ခွက်ကို ဖုန်းယွိဟန်အား ပေးလိုက်ကာ နောက်တစ်ခွက်ယူ၍ ဖုန်းရှန်းရုန်ကိုပါ ထည့်ပေးလေသည်။

ရှန်းရုန်သည် ရွှမ်ထျန်းဟွာမှ သူမအား သတိတရ ထည့်ပေးလာမည်ဟု မထင်ထား၍ အံ့သြနေကာ လက်ဖက်ရည်ခွက်က်ို လှမ်းယူသည့် လက်များမှာ တုန်ယင်နေတော့သည်။

ဖုန်းယွိဟန် နဖူးကို လက်ပြန်ရိုက်ကာ " ရှန်းရုန်ရေ င့ါအတွက်ပဲဖြစ်ဖြစ် နည်းနည်းလောက် သတ္တိရှိပြပါဦး။ " ဟုဆိုလေသည်။

ရှန်းရုန်သည် ခေါင်းကိုသာ ငုံ့ထားမိလေသည်။ သူမလည်း သတ္တိရှိရှိ ရဲရဲ၀ံ့၀ံ့ နေချင်ပါသော်လည်း ရွှမ်းထျန်းဟွာ၏ ရှေ့တွင်တော့ သတ္တိများအား အစပင် ရှာမရဖြစ်နေလေသည်။

ရွှမ်ထျန်းဟွာကတော့ ထိုသည်ကိုလည်း ဂရုမထားပါ။ ပြုံးလျက်သားပဲရှိနေသဖြင့် ရှန်းရုန်၏ မျက်နှာမှာ ရဲသည်ထက်ရဲလာတော့သည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now