၁၂၅။ ဖုန်းယွိဟန်၏ စွမ်းရည်များ

3K 413 19
                                    

ဇာမဏီဆံထိုးကို မြင်သောအခါတွင် ဧည့်သည်တော်များ အားလုံး၏ မျက်လုံးများက ရဲလာတော့သည်။ မနာလိုဖြစ်ကာ မုန်းတီးနေသော မီးတောက်များထွက်နေသဖြင့် ထိုအကြည့်များကြောင့် ဖုန်းယွိဟန်နှင့် ပုနင်ရှန်းတို့ကို လောင်ကျွမ်းသွားတော့မလားဟုပင် ထင်နေရတော့သည်။

ထိုဆံထိုး၏ ရာဇ၀င်ကို အားလုံးသိထားကြပေသည်။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာကာ ဧကရီခြောက်ပါး ဆင်မြန်းခဲ့သည့် အဆင်တန်ဆာဖြစ်၍ ထိုဆံထိုးအား ပိုင်ဆိုင်သူသည် ဧကရီဖြစ်လာမည်ဟူသည့် ဗျာဒိတ်စကားကို ရသွားသလိုပင် ဖြစ်ချေသည်။

သို့သော်လည်း ယခုပြိုင်ပွဲတွင် ယှဥ်ပြိုင်မည့်သူများသည်ကား ...

ဤသို့ဖြင့် ဆွေးနွေးသံများ ဆူညံသွားတော့သည်။

ဖုန်မိသားစုမှ သခင်မလေးသည် မင်းသားကိုးနှင့် စေ့စပ်ထားသူဖြစ်ကာ ပုမိသားစုမှ သခင်မလေးသည်ကား မင်းသားလေးနှင့် စေ့စပ်ထားပေသည်။ တိုက်ပွဲတွင် ထိခိုက်သွားခဲ့သဖြင့် မင်းသားကိုးသည် ဆက်ခံသူမရနိုင်တော့သည်ကို အားလုံး သိထားကြသည် ။ ထိုသို့သောသူသည် နန်းပလ္လင်အား ဆက်ခံခွင့်မရှိပေ ။

ဆိုတော့ကား ...

ဪ !

အားလုံးသည် မင်းသားလေး ရွှမ်ထျန်းယီကို ကြည့်လိုက်မိကြသည်။

ဧကရာဇ်ကြီးက မင်းသားလေးကို ချစ်ခင်လို့များလား ။ ဖြစ်နိုင်ချေရှိပေသည် ။ မဟုတ်ပါက မင်းသားလေးအား ကြင်ယာတော်ပု၏ တူမနှင့် စေ့စပ်ပေးထားမည်မဟုတ်ပေ။ ထို့အပြင် ပုနင်ရှန်း၏ အစ်ကိုဖြစ်သူကိုလည်း အရှေ့အရပ်တွင် တာ၀န်ထမ်းဆောင်ခိုင်းထားကာ တာ့ရွှမ်းပြည်စစ်တပ်၏ လေးပုံတစ်ပုံကို အုပ်ချုပ်ခွင့်လည်း ပေးထားသေးသည် မဟုတ်ပါလား !

ဖုန်းကျင်းယွမ် လက်သီးတင်းတင်း ဆုပ်ထားမိသည်။ အခြေအနေများက ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ ထင်မထားခဲ့ပါ ။ ဘယ်သောအခါကမှ သူ့သဘောတရားကို သိသိသာသာ ထုတ်ပြခဲ့ခြင်းမရှိသည့် အရှင်မင်းကြီးက သူ့ရည်ရွယ်ချက်အား ယခုကဲ့သို့ ထုတ်ဖော်ပြလိုက်ခြင်းပေလား ။ သူတို့ဖုန်းမိသားစုက မင်းသားသုံးကို ရွေးချယ်ထားခဲ့ပြီးပြီဖြစ်သည် !  ယခုလိုသာဆိုပါက ဖုန်းမိသားစုက ဘယ်လိုရှေ့ဆက်ရပါတော့မလဲ ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now