၃။ အားလုံးအတူ လောင်ကျွမ်းခြင်း

5.2K 476 8
                                    

ဖုန်းယွိဟန် မျက်မှောင်ကြုံ့ကာ နှာခေါင်းတရှုံ့ရှုံ့လုပ်မိသည်။ လေထုထဲ၌ သွေးနံ့များ လှိုင်လို့နေသည်။ တစ်ခုခုမှားနေပြီမှန်းသိလိုက်၍ ငုံ့ကြည့်မိလိုက်ရာ လူငယ်လေးတစ်ယောက်သည် ခြေထောက်နှစ်ချောင်းကို ဆန့်ထားပြီး ကောက်ရိုးဖျာပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ ဒူးမှ သွေးများက ဒလဟော စီးကျလို့နေသည်။

" ရှင် ဘယ်သူလဲ " သူမ သတိအနေအထားဖြင့် မေးမိသည်။ အခုအခြေအနေအရ ဒီလူက သူမအတွက်တော့ အန္တရာယ်မဖြစ်နိုင်ပေ။ ဆရာ၀န်တစ်ယောက်အနေဖြင့် သူမအနီးကပ်ကြည့်စရာတောင်မလိုဘဲ ပြောနိုင်သည်က ထိုသူ့ ခြေထောက်များသည် ပြင်းထန်စွာထိခိုက်ထားပေသည်။ လောလောဆယ်မှာ ထလာဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်သည်မှာ အသေအချာပင်။

မေးခွန်းကို ကြားပေမယ့်လည်း ထိုလူငယ်လေးမှာတော့ အေးတိအေးစက်ဖြင့် နှာတစ်ချက်မှုတ်ကာ ပြန်မဖြေပေ။ သို့သော်ငြား နှာမှုတ်လိုက်သည့်ဟန်ကြောင့်ပင် ထိုသူ၏ နှုတ်ခမ်းများမှ အပြုံးတစ်ခုဖြစ်ပေါ်လာပြီး သူမအား စက္ကန့်အနည်းငယ်မျှ ညှို့ယူသွားခဲ့သည်။

ထိုသူ၏ မြင့်မြတ်ပြီး ညှို့ဓာတ်ပြင်းတဲ့အပြုအမူတွေသည် အရမ်းကိုပင် သဘာ၀ဆန်လွန်းလှ၍ ဖုန်းယွိဟန်တစ်ယောက် ကြက်သီးပင်ထမိသည်။ သူ့မျက်နှာက လုံး၀ဖြူစွတ်နေကာ ချွေးများစိုရွှဲလို့နေပြီး ခြေနှစ်ချောင်းမှာလည်း သွေးသံတရဲရဲဖြစ်နေသော်ငြား ထိုသူ၏ တော်၀င်ဆန်သည့် ရောင်၀ါအား အနည်းငယ်မျှပင် သက်ရောက်သည့်ပုံမပေါ် ။ ထိုအစား ပျက်စီးခြင်း၏ နတ်ဘုရားတစ်ပါးသဖွယ် အသွင်သာရှိလေသည်။

" မင်းကြည့်လို့၀ပြီဆိုရင် ထွက်သွား " လူငယ်သည် တောင်နံရံပေါ်သို့ မှီရင်း အဖက်မလုပ်သလ်ို ပြောလာသည်။ ဒီတောသူမလေး သူ့ကို ဘယ်လိုဘယ်ပုံ ငေးနေသည်အား သူသေချာသိပါသေးသည်။

ဖုန်းယွိဟန်သည်လည်း ထိုကဲ့သို့ မောက်မာသော စကားပြောဟန်နှင့်သူများအား လုံး၀ကို မကြိုက်ပါ။ ဘာအကြောင်းကြောင့်များ ထွက်သွားဆိုတိုင်း သွားရမှာတဲ့လဲ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုKde žijí příběhy. Začni objevovat