၆၆။ ဧကရီဖြစ်လာရန် အိပ်မက်အား ရိုက်ချိုးပစ်ခြင်း

4K 433 22
                                    

ကြင်ယာတော်ယွင်၏ အမေးသုံးခွန်းအား ဖုန်းယွိဟန်ကလည်း ဖုန်းမိသားစုနှင့် သူမကြား စည်းတားကာ အဖြေသုံးခု ပြန်ပေးခဲ့သည်။ သူမအတွက် အိမ်ဟူသည်က ထုံရှန်းစံအိမ်သာဖြစ်ကာ မောင်နှမဟု သတ်မှတ်ထားသည်မှာလည်း ဇီရွေ့တစ်ယောက်သာရှိပြီး တစ်ခုတည်းသော မိသားစုသည် ဟွမ်ကျိုးရှိ ယောင်မိသားစုသာ ဖြစ်သည်ဟုပင်။

သူမသည် ယောင်မိသားစုက ကလေးသာဖြစ်သည် !

ရွှမ်ထျန်းဟွာသည် သူ၏ ခယ်မလောင်းလေးက ဤသို့အတွေးမျိုးရှိနေလိမ့်မည်ဟု မထင်ထားခဲ့မိ။ သို့ပေမယ့်လည်း ပြန်စဥ်စားကြည့်ပြန်တော့လည်း ခေါင်းမာကာ တဇွတ်ထိုးဆန်သည့် ညီတော်ကိုးအား ကြွေဆင်းသွားအောင် လုပ်နိုင်သည့်သူမှာ သာမန်မိန်းကလေးတော့ မဖြစ်နိုင်ဟု သဘောပေါက်သွားသည်။ ရွှမ်ထျန်းဟွာ မနေနိုင်ပါဘဲ ဖုန်းယွိဟန်အား ချီးကျူးမိသွားတော့သည်။

ကြင်ယာတော်ယွင်သည် ခန်းမဆောင်အလယ်သို့ လျှောက်သွား၍ ဖုန်းယွိဟန်ပါ သူမနောက်သို့ လိုက်သွားလိုက်ရသည်။  ကြင်ယာတော်ယွင်သည် ချန်ရှီအား ညွှန်ပြကာ  " အဲ့ဒီ အမျိုးသမီးကြီး ၊ သူ့က်ို သိလား။ " ဟုမေးသည်။

ဖုန်းယွိဟန် ကြည့်လိုက်သည့်အခါ ချန်ရှီသည် ရိုးရိုးဒူးထောက်နေရသည်မဟုတ်။ သူမ၏ ဒူးများအောက်တွင် လမ်းခင်းကျောက်များကိုပါ ခံထားလေသည်။ ကျောက်များကို ချေမွထား၍ ချွန်ထက်ကာ ရှနိုင်သည့် အစွန်းများထွက်နေလေသည်။ ချန်ရှီသည် ၀၍ ထိုသည်များပေါ် ဒူးထောက်နေရ၍ ဘေးတွင် သွေးအနည်းငယ်ပင် အိုင်နေပြီဖြစ်သော်လည်း တစ်လက်မလောက်တောင် မရွှေ့ရဲဖြစ်နေရှာသည်။

" ချွေးမ သိပါတယ်။ သူမက ဖုန်းမိသားစုက အိမ်တော်သခင်မ ၊ ချန်ရှီပါ။  " ဖုန်းယွိဟန် ချန်ရှီအား ကြည့်မနေတော့ဘဲ ကြင်ယာတော်ယွင်၏ အမေးက်ို ပြန်ဖြေပေးလိုက်သည်။

အိမ်တော်သခင်မ ဟူသည်ကိုကြားသည့်အခါ ကြင်ယာတော်ယွင်သည် ဟွန့်ခနဲ တစ်ချက် နှာမှုတ်လိုက်ကာ " အရမ်းကောင်းတယ်။ " ဟုဆိုသည်။ ပြီးနောက် လှည့်ကာ သူမ၏ ၀တ်ရုံရှည်ကြီးဖြင့်ပင် စင်မြင့်ထက်သို့ ပြန်တက်သွားကာ လှေကားထစ်တစ်၀က်လောက် အရောက်တွင် ရပ်လိုက်ပြန်ကာ ချန်ရှီရှိရာဆီသို့ လှည့်လိုက်ပြီး ခက်ထန်သော မျက်နှာထားဖြင့် ​စကားဆိုသည်။  " ဒီကမ္ဘာမှာ ဒီနန်းဆောင်က လူတွေက်ို လိမ်ညာရဲတဲ့သူဆိုတာ မရှိဘူး။ ဧကရာဇ်တောင် မလိမ်ညာရဲဘူး။ ချန်ရှီ ၊ နင်က တကယ်ကို အတင့်ရဲတာပဲ ! "

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now