၁၆၃။ ဧကရာဇ်ကြီးထံမှ တော်၀င်အမိန့်တော်ကို လက်ခံရရှိခြင်း

2.3K 305 10
                                    

မင်းသားသုံး ရွှမ်ထျန်းယဲ့၏ ပထမအဆင့်ကြင်ယာတော်၀မ်ဖေးသည် နှစ်ပေါင်းများစွာ နာမကျန်းဖြစ်နေခဲ့တာဖြစ်သည်။ နန်းတွင်းသမားတော်များက ကြိမ်ဖန်များစွာ ကုသစမ်းသပ်ပေးခဲ့သော်လည်း ဘာမှမထူးခြားလာခဲ့ချေ ။ ရှန်၀မ်ဖေးသည် တစ်နှစ်ထက်တစ်နှစ် ပို၍အားနည်းလို့လာနေလေ၏။

ဧကရာဇ်ကြီး၏အမေးကြောင့် ကျန်းယွမ်က ရှေ့သို့လျှောက်လာပြီး ပြန်ဖြေပေးသည်။ " ရှန်၀မ်ဖေးရဲ့ရောဂါက သမားတော်တွေတောင် မကုနိုင်တော့တဲ့ အခြေအနေပါ ၊ အခုတလော သူမရဲ့ အ​ခြေအနေက ပိုပြီးဆိုး၀ါးလာပါတယ် ၊ ဒီနှစ်ဆောင်းရာသီကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုတောင် စိုးရိမ်နေရပါပြီ "

ဧကရာဇ်ကြီးက မျက်မှောင်ကြုံ့၍ စဥ်းစားနေပြီးနောက်တွင် ဖုန်းယွိဟန်ထံသို့ အကြည့်ပို့လာသည်။

ဧကရာဇ်ကြီးက ဘာတွေးနေသည်ကို ဖုန်းယွိဟန် မှန်းမိသဖြင့် ဦးစွာစကားစပေးလိုက်သည်။ " အားဟန်ကို တစ်ချက်လောက် ကြည့်ရှုခွင့်ပြုပါ "

ဖုန်းယွိဟန်ဘက်က စကားစလာသဖြင့် ဧကရာဇ်ကြီး အကြီးအကျယ် သဘောကျသွားမိသည်။ " သူမကို ဘယ်လိုကုပေးရမလဲဆိုတာကို မင်းက စဥ်းစားပြီးသွားပြီလား "

ဖုန်းယွိဟန် ခေါင်းခါပြလိုက်သည်။ " မဟုတ်ပါဘူး ၊ အားဟန်က ရှန်၀မ်ဖေးနဲ့တစ်ခါမှ မတွေ့ဖူးတာမို့လို့ သူမက ဘာရောဂါကို ခံစားနေရတယ်ဆိုတာကိုတောင် မသိသေးပါဘူး "

" အင်း " ဖုန်းယွိဟန်၏စကားများက မှန်သားပဲဟု သူလည်းထင်သည်။ ထို့နောက် ကျန်းယွမ်အား အမိန့်ပေးလိုက်သည်။ " ဧကရီကို သတင်းသွားပို့လိုက် ၊ ရှန်၀မ်ဖေးကို နန်းတွင်းထဲကို ဆင့်ခေါ်လိုက်လို့ ၊ လမ်းမလျှောက်နိုင်တော့တဲ့အထိ နာမကျန်းဖြစ်နေရင်တောင်  ဝေါယာဥ်သုံးပြီး နန်းတွင်းထဲ၀င်လာခိုင်းလိုက် "

ကျန်းယွမ်က နာခံစွာဖြင့် ယခုတစ်ခါတွင်မူ ကိုယ်တိုင်ကိုယ်ကျ ဧကရီနန်းဆောင်သို့ သတင်းပို့ရန် ထွက်သွားတော့သည်။

အသက်ရလာပြီဖြစ်၍ ဧကရာဇ်ကြီးသည် ညနက်လာသည့်အခါ ပင်ပန်းလာသဖြင့် ရွှမ်ထျန်းဟွာက ပလ္လင်ထက်မှနေ တွဲခေါ်သွားပေးပြီး ၀တ်ရုံတော်ကို လဲပေးကာ ဆေးကြောသန့်ရှင်းခြင်းကို ကူညီပေးနေလေ၏။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now