၁၈၄။ ဖုန်းချန်းယွီ နင်ကင့ါကို ဟင့်အင်းလို့ပြောရအောင် နင့်မှာ ဘာအခွင့်ရှိလို့လဲ

2.2K 240 2
                                    

ထို့နေ့ နံနက်အစောပိုင်းတွင် မြို့တော်မှ အရာရှိတစ်စုသည် မြို့စွန်သို့သွားကာ သံသယ၀င်စရာလူများကို ဖမ်းလာပြီး စစ်ဆေးမေးမြန်းခဲ့သည် ။ မေးမြန်းပြီးနောက်တွင် ပုနင်ရှန်းအား ပထမဆုံးယူခဲ့သူဟု သတ်မှတ်လို့ရသူက သူအပြစ်ကင်းကြောင်းကို ပြောလာသည်။ ပြောရသည့်အကြောင်းအရင်းမှာ ပုနင်ရှန်းက အပျိုစင် လုံး၀မဟုတ်သဖြင့်ဟု ဆိုသည်။

ထိုသတင်းက ထုံရှန်းစံအိမ်သို့ ပြန်ရောက်လာချိန်တွင် ဖုန်းယွိဟန်က နေ့လယ်စာ စားလက်စအချိန်ဖြစ်သည်။ ပုနင်ရှန်းက အပျိုမစစ်ဘူးဆိုသည်က သူမအတွက် အံ့သြစရာဟုတ်မနေပေ ။ သို့ဖြစ်၍ ၀မ်ချုအန်းနှင့်ပင် အတင်းပြောနေလိုက်သေးသည်။ " မနေ့ညတုန်းကလေ ငါတို့က သူ့ကိုပုအိမ်တော်ထဲမှာ သွားဖမ်းဖို့လုပ်ထားတာ ၊ ဒါပေမယ့် ပုနင်ရှန်းက ပုအိမ်တော်ကိုပြန်လာနေတာနဲ့ ဆုံတာလေ ၊ သူမက အပျိုစင်ဟုတ်နေတာကမှ ထူးဆန်းဦးမယ် "

" သခင်မလေးပုက တကယ် အတင့်ရဲတာပဲ " ဟုဆိုကာ ၀မ်ချူအန်းက သက်ပြင်းချလိုက်လေသည် ။ " သူမနဲ့ယှဥ်ရင်တော့ ဖုန်းမိသားစုကသခင်မလေးတွေကမှ နာနာခံခံ ရှိကြသေးတယ် "

" အနည်းဆုံး ဒီတစ်နေရာမှာတော့ သာတယ်ပြောရမှာပဲ " ပုနင်ရှန်းက ဘယ်သူနှင့်သွားတွေ့တာဖြစ်သည်ကို ဖုန်းယွိဟန် အချိန်ကုန်ခံပြီး စဥ်းစားမနေတော့ပါ ။ အကြောင်းမှာ ထိုတစ်ယောက်က လုံးလုံး တုံးအနေသူ မဟုတ်၍ပင် ။ မင်းသားလေးနှင့် ခိုး၀ှက်ကာတွေ့ခြင်းမှလွဲ၍ ဘာမှမဖြစ်နိုင်ချေ ။ သို့ပေမယ့်လည်း မင်းသားလေးက လူသိရှင်ကြား အရှက်ကွဲပြီးသား မိန်းကလေးတစ်ယောက်အား ဆက်၍တန်ဖိုးထားဦးမည်လားဆိုသည်ကိုတော့ သူမ မသိပါ ။ ထို့သို့သာဖြစ်ခဲ့မယ်ဆိုပါက အချစ်စစ်အချစ်မှန်ဟု ပြောလ်ို့ရလောက်ပေသည်။ သို့ပါသော်ငြား သူမ မည်သို့ပင်ကြည့်ကြည့် မင်းသားလေးက ပုနင်ရှန်းအား အတည်ချစ်ကျွမ်း၀င်နေသည့်ပုံ မရှိပေ ။ ဖုန်းယွိဟန် စားလက်စတူကိုချကာ ပလုပ်ကျင်း၍ ၀မ်ချူအန်းကိုပြောလိုက်သည်။ " ငါနဲ့ ဖုန်းအိမ်တော်ကို လိုက်ခဲ့ဦး "

ဖုန်းအိမ်တော်သို့ ဖုန်းယွိဟန် တံခါးမကြီးကနေသာ ၀င်သွားလိုက်သည်။ ထုံရှန်းစံအိမ်အား ရှန့်ကျူအိမ်တော်အဖြစ် ပြောင်းလဲခေါ်ဝေါ်ပြီးကတည်းက ဖုန်းယွိဟန်သည် မိုးမခခြံ၀င်းနှင့်ဆက်ထားသော တံခါးငယ်လေးကို မသုံးတော့တာဖြစ်သည်။ ဖုန်းအိမ်တော်မှ အိမ်ထိန်းဟယ်ကျုံးမှာ ကူကယ်ရာမဲ့နေမိသည်။ ဖုန်းယွိဟန် အပြင်မှနေ အိမ်တော်ထဲ၀င်လာသည့်အခါတိုင်း ဦးညွတ်၍ဂါ၀ရပြုခြင်းအပြင် ၀ပ်တွား၍ပါ ဂါ၀ရပြုချင်နေမိပြီး ဒုတိယသခင်မလေးလို့ပဲ ခေါ်ရမလား ရှန့်ကျူလို့ပဲ ခေါ်ရမလားဆိုသည်ကို မသိတော့ပါ ။ တော်သေးသည်က ဖုန်းယွိဟန်က သူ့အားပြဿနာရှာမနေခြင်းပေ ။ ရောက်လာတိုင်း မေးခွန်းအနည်းငယ်ကိုသာမေးပြီး အိမ်တော်ထဲသို့ တန်း၀င်သွားတတ်လေသည် ။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now