၁၇၄။ ငရဲကျခဲ့မယ်ဆိုရင်တောင် အကြွေးပြန်ယူဖို့ လာခဲ့မယ်

2.2K 263 9
                                    

ပုနင်ရှန်းမှာ မကျေနပ်သော်ငြား ရွှမ်ထျန်းယီက ပြောနေပြီဖြစ်သည်။ မင်းသားလေးက အကျိုးအမြတ်ကို ချင့်တွက်ပြီးမှသာ ထိုသို့ပြောလာခြင်းဖြစ်သည်ကို သူမ သိသည်။

သို့ဖြစ်၍ ခေါင်းငုံ့ကာ ဖုန်းရှန်းရုန်အား တောင်းပန်စကားဆိုလိုက်ရတော့သည်။ " တောင်းပန်ပါတယ် "

ဖုန်းရှန်းရုန်က ဘာမှပြန်မပြောဘဲ ရွှမ်ထျန်းဟွာ၏ဘေးတွင် တစ်ကိုယ်လုံးတုန်ရင်း ရပ်နေလေ၏။

ရွှမ်ထျန်းဟွာကလည်း ရွှမ်ထျန်းယီအား လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ကြောင်း​ပြပြီးနောက်တွင် ဘာမှထပ်မပြောတော့ဘဲ ဖုန်းရှန်းရုန်အား ပုခုံးမှဖက်၍ လှေပေါ်မှအခန်းငယ်လေးတွင်းသို့ ခေါ်သွားပေးသည်။

ပုနင်ရှန်းက လှည့်ထွက်သွားသည့် ကျောပြင်နှစ်ခုအား မီး၀င်း၀င်းတောက်ကာ ကြည့်နေပြီး အံတင်းတင်းကြိတ်လို့ထားသည်။

ကန်ထဲတွင်မူ ကိုယ်ရံတော်က ဖုန်းချန်းယွီအား ဖုန်းဖန်းသိုက်ရှိရာလှေပေါ်သို့ ပြန်တင်ပေးလိုက်ပြီဖြစ်သည်။ အားကုန်သုံး၍ သူမအား လှေပေါ်သို့တွန်းတင်ပေးလိုက်ပြီး မိန်းမစိုးအား အပ်ခဲ့လိုက်သည်။

ယီလင်းက အမြန်ရှေ့ထွက်လာပြီး သူမ၏အပေါ်၀တ်ရုံကိုချွတ်၍ ဖုန်းချန်းယွီကိုခြုံပေးကာ လှေပေါ်မှအခန်းငယ်လေးတွင်းသို့ ခေါ်သွားလေသည်။

ဖုန်းချန်းယွီမှာ အသိစိတ်များဝေဝါးနေသည်အထိ ရေထဲတွင် နေခဲ့ရတာဖြစ်၍ ပေါက်ကရ လျှောက်အော်နေတော့သည်။ " အရှင့်သား ချန်းယွီကို ကယ်ပါဦး "

ဖုန်းဖန်းသိုက်ကာ နှာမှုတ်လိုက်လေ၏။ " အရှင်မင်းသားခုနစ်က နင့်ကိုကယ်ရလောက်အောက် အားမနေဘူး ၊ နင့်ကိုကယ်လိုက်တာက ကိုယ်ရံတော်နဲ့ ကုန်းကုန်းဟဲ့ "

ဖုန်းချန်းယွီက ဖုန်းဖန်းသိုက်ပြောနေသည်ကို အာရုံမစိုက်နိုင်လောက်အောင် အသိစိတ်ပျောက်နေပြီဖြစ်သည်။ သူမ၏ခန္ဓာကိုယ်က အေးလွန်းနေသည်မှာ သည်းမခံနိုင်စရာဖြစ်ပြီး မသိပါက ခန္ဓာကိုယ်တစ်ခုလုံး ရေခဲဂူထဲသို့ ပြုတ်ကျသွားသလို ခံစားနေရလေသည်။

ပဏာမ ဇနီးသည်ဖွား သမီးပျိုWhere stories live. Discover now