အခန်း (624)

981 194 12
                                    

အခန်း  (၆၂၄) :  ထွက်သွားစမ်း

မိုဝူကျိက ထွက်သွားခိုင်းပြီးသည့်နောက်  လွန်ချိုက် တကယ် လှည့်ထွက်သွားသည်ကို မြင်ကာ ယန်ကျင်းကျင်း၏ စိတ်နှလုံးသားကား အေးစက်သွားလေ၏။

ဒီခွေးကောင်က နယ်လှည့်ကျင့်ကြံသူလား …… မဟာဧကရာဇ် လွန်ချိုက်ပင် နာနာခံခံဖြင့် ထွက်သွားရလေရာ သူ ယန်ကျန်းကျန်းဆို လုံးဝ အသိမှတ်ပြု မခံရဘူးလား ….

“ ဆေးလုံးဆရာမို စောစောလေးက ကျုပ် အမှားပါ ….. အခု သွားလိုက်ပါဦးမယ် ” ယန်ကျန်းကျန်းက စကားပြောပြီးနောက် မိုဝူကျိ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အမြန်နှုန်းဖြင့် ထွက်သွားတော့သည်။ “ ဆေးလုံးဆရာမို” အခေါ်အဝေါ်အား လွန်ချိုက်ဆီမှ ကြားလိုက်ရခြင်း ဖြစ်၏။

နိုက်ဟော်  စိတ်လည်း လေးလံလာမိသည်။ မိုဝူကျိကို လာရှာသည့် အကြောင်းအရင်းမှာ လောကထိပ်သီး အမှတ်အသားပြားကြောင့် ဖြစ်၏။ သဘောတရားပြောရမည်ဆိုလျှင် သူ့တွင် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့နောက်ခံ မရှိတော့ပြီ ဖြစ်၍ ညှိနှိုင်းဖို့ရာ ပို၍ လွယ်ကူသွားလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော်လည်း  လွန်ချိုက်ကိုပင် ထွက်သွားခိုင်းလေရာ သူမလို မဟာယီရှန်းအဆင့်လေးက ဘာလုပ်ရတော့မည်နည်း။

ကျင့်ကြံခြင်းလောကတွင် ရှိစဉ် သူမက မိုဝူကျိ၏ အနာဂတ် အောင်မြင်မှုများမှာ တိုင်းတာမရ ဖြစ်မည်မှန်း သေချာသိနေသော်လည်း  အရမ်းမြန်ဆန်လွန်းမနေဘူးလား။

ထိုမျှအချိန်တိုလေးအတွင်း မိုဝူကျိက ဤမျှကြီးထွားလာပြီလား ….

သူမက အင်မော်တယ်ဖွေရှာ အမှတ်အသားပြားနှင့် လောကထိပ်သီးအမှတ်အသားပြားတို့ကို ရဖို့ရာ  ကောင်းကင်ကို ထိကိုင်တွေ့ရသည့်အလား ခက်ခဲမည်မှန်း သိသော်လည်း မရပ်တန့်နိုင်ပေ။ ထိုအမှတ်အသားပြားနှစ်ခုမှာ သူမအတွက် အရမ်းအရမ်းကို အရေးကြီးပေသည်။

မိုဝူကျိက ထိုလူများကို ဂရုမစိုက်ပေ။ နောက်တစ်ဖန် ရင်းနှီးသည့် မျက်နှာကား သူ့ဆီ ချည်းကပ်လာပြန်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now