အခန်း (547)

961 195 4
                                    

အခန်း  (၅၄၇)  :  သူက ဘယ်သူလဲ

မိုဝူကျီက ပထမ စစ်ဆေးမှု၌ အမှတ်များများ ရရန် လိုကြောင်း ကောင်းကောင်း သိထားသည်။ ဒုတိယ စစ်ဆေးမှုမှာ  ဆေးလုံးဖော်စပ်ခြင်း ဖြစ်လောက်ပြီး သူ့အနေဖြင့်   အဆင့် ၆ အလယ်အလတ် ဆေးလုံးကိုပင် မဖော်စပ်နိုင်သေးပေ။ ထို့ကြောင့် သူ့အမှတ်များက အောက်ကျသွားလိမ့်မည်။ အကယ်၍ ပထမ စစ်ဆေးမှု၌ အမှတ်များများ မရရှိထားပါက  ဒုတိယစစ်ဆေးမှု အပြီး၌ ကန်ထုတ်ခံရနိုင်လေသည်။

မိုဝူကျီက ပိတ်ကားချပ်၌ အမှတ်စဉ်  ၃၀၀ ရောက်ရှိသွားကြောင်း မြင်လိုက်ရသည်။

အမှတ်စဉ်  ၃၀၀  ၊ ကိုယ်စားပြု မြို့ - အလယ်အလတ်အဆင့်  လေလွင်ပြင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - မာထျန်း  ၊ ရမှတ် - ၉၀.၁၁၂ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

မိုဝူကျီက စိတ်ထဲ၌ သူ့ကိုယ်ပိုင် ဆေးပင် သန့်စင်နိုင်သည့် နည်းလမ်းရှိခြင်းကို ပျော်ရွင်မိသွားသည်။ မဟုတ်လျှင်  သူက ပထမစစ်ဆေးမှု၌ပင် အဖြုတ်ခံရလောက်၏။

ဆေးလုံးဆရာ တစ်ယောက်အနေနှင့် မိုဝူကျီက ကျောက်စိမ်းတလည်း မြက်ပင်ကို ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်ခြင်းမှာ အတော်လေး အံ့ဩဖို့ကောင်းကြောင်း သိထား၏။ ကျောက်စိမ်းတလည်းမြက်ပင်ကို သန့်စင်ရာ ခက်ခဲသော်လည်း  အဆင့် ၇ ဆေးပင်အောက် ဆေးပင်များ၌ သန့်စင်ရန် ခက်ခဲလှသော   အထီးကျန်မြက်နှင့် ယှဉ်၍ မရသေးပေ။ အဆင့် ၆ ဆေးပင်များမှာ ကျောက်စိမ်းတလည်းမြက်ပင်လောက် သန့်စင်ရန် မခက်ခဲပေ။

သို့သော်လည်း  လူတစ်ယောက်က ၉၀ ရာခိုင်နှုန်း ကျော်နေသော်လည်း အဖြတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ သူက အဖြုတ်မခံရသော်လည်း  ၃၀၀ မြောက်တွင် ဖြစ်ကာ အဖြုတ်ခံရမည့် လက်တစ်ကမ်းအလိုတွင် ဖြစ်၏။

“ ဖေဖေ ... အစ်ကိုမိုရဲ့ နာမည်က အခုထိ ပေါ်မလာသေးဘူး။ အဲလိုဆိုရင် သမီးတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က ပထမစစ်ဆေးမှုမှာ ထိပ်ဆုံး ၃၀၀ ထဲ ဝင်တာပေါ့။ သူက တကယ်လို့ ဒုတိယစစ်ဆေးမှုမှာ မပါရင်တောင်  သမီးတို့တွေ အဆင့်နိမ့် အင်မော်တယ်မြို့ အနေအထားကို ပြန်ထိန်းထားလို့ ရပြီ ” ၃၀၀ မြောက် နေရာ ထွက်လာသည်ကို မြင်ပြီး ဝမ်လျန်ရှီးက စိတ်လှုပ်ရှားစွာ ထရပ်လုနီးပါး ဖြစ်သွားလေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Onde histórias criam vida. Descubra agora