လူသားသစ္စာ 49 လိုက်ပွဲ
အခန်း (၆၇၀) : ရှေးဦးမူလ ရေကျောက်
မိုဝူကျိက အားလုံးကို အပြတ်ရှင်းပစ်ဖို့ရာ မရည်ရွယ်ထားသောကြောင့် စိတ်စွမ်းအားကို မထုတ်ဘဲ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကိုသာ ဖြန့်ကျက်လိုက်သည်။
စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအားနှင့် ကွာခြားပေရာ ရှေ့တမျိုးမှာ မထင်မပေါ် ရှိ၏။ ထို့အပြင် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ တဖက်လူထက် များစွာ အဆင့်မြင့်နေသည့်အတွက် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက ကျောက်စိမ်းသေတ္တာပေါ် ရောက်လာသည့်အခါ မဟာယီရှန်း ကျင့်ကြံသူက သတိပင် မထားမိလိုက်ပေ။
သို့သော်လည်း မိုဝူကျိက ကျောက်စိမ်းသေတ္တာထဲမှ ပစ္စည်းကို မြင်လိုက်ရသည့်အခါ အလွန်စိတ်ပျက်သွားမိတော့သည်။
အထဲရှိ ပစ္စည်းမှာ မြို့များ ရုတ်ရုတ်သည်းသည်း ဖြစ်သွားလောက်အောင်အထိ အဖိုးတန်ကာ ရှုစုရန်ပင် ထုတ်ပြချင်မည် မဟုတ်ပေ။ ရေသဘာဝ ကျင့်ကြံသူများအတွက် အင်မော်တယ် ဧကရာဇ်အတွင်ပင် ဤရတနာမှာ ရှာတွေ့ဖို့ရာ ခက်ခဲလှပေသည်။ သို့သော် မိုဝူကျိအတွက် ဤအရာမှာ ဘာမှ မဟုတ်ပေ။ ကျောက်စိမ်းသေတ္တာထဲ၌ ရှေးဦးမူလရေကျောက် ရှိနေသည်။
ရှေးဦးမူလ ရေကျောက်က မည်မျှပင် အဖိုးတန်နေစေကာမူ ရေသဘာဝ အမြုတေကို အစားထိုးဖို့ရာ မလုံလောက်ပေ။ မိုဝူကျိတွင် ရှေးဦးမူလ မီးကျောက် ၁၁ ခု ရှိသော်လည်း မီးသဘာဝ အမြုတေ လိုအပ်နေသေးသည် မဟုတ်ပါလော။
သို့သော်လည်း မိုဝူကျိက ရှေးဦးမူလ မီးကျောက်မှာ မီးသဘာဝ အမြုတေနှင့်အတူ မွေးဖွားလာကြောင်း ပြန်အမှတ်ရလိုက်မိ၏။ ရှေးဦးမူလ ရေကျောက် သည်လည်း ထိုသို့ ဖြစ်နေမလား။
မဟာယီရှန်းအဆင့် ကျင့်ကြံသူမှာ ကျောက်ကို ဤနေရာအထိ နောက်ကြောင်းလိုက်နိင်လေရာ သဲလွန်စ တချို့တလေတော့ သိထားလိမ့်မည်။ သဲလွန်စ ရှိနေပြီ ဖြစ်သောကြောင့် သူက ရှေးဦးမူလ ရေကျောက် မည်သည့်နေရာမှ ရောက်လာကြောင်း အတိအကျ သိအောင် လုပ်ရမည်။ သူက သူ့ထာဝရ ကမ္ဘာအကြောင်း ပေါ်သွားမည်ကို စိုးရိမ်၍ ရှုစုရန်အား ရှေးဦးမူလ သစ်သားကျောက်၏ ဇာစ်မြစ်အကြောင်း မမေးမြန်းရဲခဲ့ပေ။ သို့သော်လည်း မဟာယီရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို မမေးမြန်းရဲခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။