အခန်း (၆၆၄) : နတ်ဘုရား ရုပ်ခန္ဓာအဆင့်
ယူကျင့်ဖုန်း၏ အဘိုးမှာ ယူချန်း ဖြစ်ပေသည်။ ယူကျင့်ဖုန်းနှင့် ယှဉ်လျှင် အတွေ့အကြုံများသည့် ယူချန်းက အတိုက်ခံများသော ကမ္ဘာကြီးအကြောင်း ပိုမိုကြားဖူး၊ မြင်တွေ့ဖူး၏။ ယူကျင့်ဖုန်းက ဒဏ်ရာအပြင်းအထန် ရနေသည့် မိုဝူကျိကို ခေါ်ဆောင်လာပြီ ဖြစ်သောကြောင့် မိုဝူကျိ၏ မိတ်ဆွေ၊ ရန်သူများနှင့် ထိပ်တိုက် ကြုံတွေ့ရမည့် ကံတရားကိုသာ ပြင်ဆင်ထားလိုက်တော့သည်။ထိ
သူ့အသက်အရွယ်နှင့် အတွေ့အကြုံကြောင့် ယူချန်းက သူ့နေရာသူ သိပေ၏။ သေမျိုး ဖြစ်စေ၊ အင်မော်တယ် ဖြစ်စေ မည်သူမဆို လူသားတစ်ယောက်၏ အသိစိတ် ရှိရန် လိုအပ်ပေသည်။ သူက မြေးလေးကို ဤကမ္ဘာကြီးထဲ အသက်ရှင်ရက် နေထိုင်နိုင်ခြင်းမှာ ကျန်ရှိနေသော ချမ်းသာကြွယ်ဝမှုများထက် များစွာ သာလွန်ကြောင်း မကြာခဏ ဆိုဆုံးမဖူး၏။
တစ်ခါတစ်ရံ၌ အင်မော်တယ် နှစ်ယောက် တိုက်ခိုက်ကြသည့်အခါ သူတို့၏ ပြင်းထန်သော စွမ်းအားများက ဘေးနားမှ လူများကိုပါ ရှင်းထုတ်လိုက်သလို ဖြစ်သွားပြီး အပျက်အစီးအများအပြားကို ဖြစ်စေသည်။
သေမျိုးကမ္ဘာရှိ ရွာလေးမှာ အင်မော်တယ်မြို့များနှင့် အလွန်ကွာခြားလှပေသည်။ အင်မော်တယ်များ တိုက်ပွဲမှာ အင်မော်တယ်မြို့များ၌ ဖြစ်ပျက်လေ့ မရှိသော်လည်း ဖြစ်ပျက်လာလျှင်ပင် အင်မော်တယ်များက တိုက်ခိုက်မှုများကို တားဆီးပေးဦးမည် ဖြစ်၏။ ထို့ကြောင့် အင်မော်တယ်များက အရေးသာပေသည်။ လူအရေအတွက်ကို ထည့်တွက်လျှင်ပင် သေမျိုးများက အင်မော်တယ်များ တိုက်ပွဲကြား၌ ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။ သူတို့ သွေဖယ်ခြင်းရွာ၌ ဤသို့ကပ်ဘေးမျိုး ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ယူချန်း ကြုံတွေ့ဖူးသည့် အခြေအနေအရ ဤသို့မျိုး အခိုက်အတန့် နှစ်ခေါက် ဖြစ်ခဲ့ဖူးပြီး တစ်ခေါက်မှာ လူဦးရေ ၈၀ ရာခိုင်နှုန်းအား သေသွားစေလေသည်။
မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်ဆုံးသွား၏။ သွေဖယ်ခြင်းရွာကား တိတ်ဆိတ်ငြိမ်သက်လျက် ရှိပြီး မည်သူမှ လက်စားချေရန် ရောက်မလာကြပေ။ ယူချန်း စိတ်ထဲမှ လေးလံမှု ကျောက်တုံးကြီးမှာ နောက်ဆုံး၌ ပေါ့ပါးလာလေ၏။