လူသားသစ္စာ ၄၃
အခန်း (၅၉၄) : ခြင်တစ်ကောင်
“ ပထမနည်းလမ်းက တော်တော်လေး ရိုးရှင်းတယ်။ အင်မော်တယ်လောက ကို တက်လှမ်းမဲ့ ကျင့်ကြံသူတွေနောက်ကနေ လိုက်သွားဖို့ပဲ …. ဟိုင်ယီနယ်မြေရဲ့ မိုးမြေ ဥပဒေသတွေက ပြီးပြည့်စုံတယ်ဆိုတော့ နှစ်စဉ်တိုင်း လူတစ်ယောက်တော့ အင်မော်တယ်လောကဆီ ရောက်ကြတယ်။
သူတို့ တက်လှမ်းသွားတာနဲ့ ဟိုင်ယီနယ်မြေနဲ့ အင်မော်တယ်လောက ကြား ပြီးပြည့်စုံတဲ့ တက်လမ်းကြောင်း ပေါ်လာလိမ့်မယ်။
ခင်ဗျားရဲ့ စွမ်းရည်နဲ့ဆိုရင် အဲဒီကျင့်ကြံသူနဲ့ အတူတူ လိုက်သွားဖို့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီနည်းလမ်း က အန္တရာယ်ရှိတယ် ” ယန်လီက အင်မော်တယ်လောကသို့ တက်လှမ်းရမည့် နည်းလမ်းများကို အသေအချာလေ့လာထားဟန် ရှိရာ သူ့စကားများ၌ ယုံကြည်ချက် အပြည့်ရှိနေသည်။
မိုဝူကျီက တက်လှမ်းရန် လမ်းကြောင်းကို တွေးမိထား၏။ ယခု ယန်လီက ပြောလိုက်သောအခါ သူက မြန်မြန် ပြန်မေးလိုက်သည် “ ဘယ်လိုအန္တရာယ်မျိုးလဲ ”
သူက အင်မော်တယ်လောကသို့ ရောက်ဖူးပေသည်။
ထိုအရာမှာ သူ့ကိုယ်ပိုင်နယ်မြေနှင့် ကွာခြားမည် ဖြစ်သော်လည်း အင်မော်တယ်တပိုင်းနယ်ပယ်တုန်းကလည်း အန္တရာယ်မရှိခဲ့ပေဘူးလား ……
ယန်လီက ရှင်းပြလိုက်သည်
“ တက်လမ်းကြောင်းက တက်လှမ်းရေကန်ဆီ ဦးတည်နေတာဆိုတော့ အသေအချာ စောင့်ကြပ်ထားတာ။ တက်သွားတဲ့အခါ ပုံရိပ်ယောင်တောင်က လူလွှတ်ပြီး မဖြေရှင်းရင်တောင် အင်မော်တယ်လောက က တခြား ကျင့်ကြံသူတွေကို အဲဒီရေကန် သုံးခွင့် ပေးမှာ မဟုတ်ဘူ။ အင်မော်တယ်လောကမှာ နောက်ခံကောင်းကောင်း ရှိတယ်ဆိုရင်တော့ ဘယ်သူမှ မထိရဲဘူးပေါ့ ”မိုဝူကျီက တွေးမိလိုက်သည်။ သူက အင်မော်တယ်လောက၌ နောက်ခံကောင်းကောင်း ရှိပေသည်။ သူက ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ မဟုတ်ပါလော။ သူက ရေကန်ကို အသုံးပြုလျှင်ပင် မည်သူမှ မတားဆီးရဲလောက်ပေ။ ပုံရိပ်ယောင်တောင်ပင် သူ့အဆင့်အတန်းကို သိသားလျှင် သူ့အား ထိရဲမည် မဟုတ်တော့ပေ။