အခန်း (၆၂၅) : ရှုစုရန်
မိုဝူကျိက သူ့ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ဖြစ်ကြောင်း ကြေညာလိုသောကြောင့် သူ့စကား၌ အောက်ကျို့နေသည့် အရိပ်အယောင်များ မရှိပေ
“ ဒါပေါ့ … မြို့စားကူလည်း နောင်ကျ အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ ဆေးလုံးတွေ လိုရင် ကျုပ်ကို လာရှာလို့ ရတယ်နော် ”မိုဝူကျိအတွက် အဆင့် ၈ ဆေးလုံးဧကရာဇ် အဖြစ် တက်လှမ်းဖို့ရာမှာ အချိန်တစ်ခုမျှသာ လိုအပ်ပေသည်။
ကူကျူးက ထိုအကြောင်း ကြားသောအခါ စိတ်လှုပ်ရှားကာ ပျော်ရွင်မိသွားသည်။
အဆင့် ၈ ဆေးလုံးဧကရာဇ်က ဘာများလဲ ……
အင်မော်တယ်လောက တစ်ခုလုံး၌ ဆေးလုံးတာအို အမြင့်မားဆုံးအဆင့်မှာ အဆင့် ၈ ဆေးလုံးဧကရာဇ် ထိပ်ဆုံးဖြစ်သည့် ရှောင်လီရှီသာ ဖြစ်ပေသည်။ ထို့အပြင် ရှောင်လီရှီက လူငယ်လေးနှင့် တူသော်လည်း သူက နှစ်သန်းချီ၍ နေခဲ့ပြီးသော လူအိုကြီး ဖြစ်၏။ အရည်အချင်းအားဖြင့် ရှောင်လီရှီက မိုဝူကျိနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားပေသည်။
“ ညီလေးမို ရှေ့တန်းမှာ ထိုင်ပါ ….” ကူကျူးက မိုဝူကျိအား အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိပြီးနောက် “ ညီလေးမို” ဟု ပြောင်းလဲခေါ်ဆိုလိုက်၏။
သူက အင်မော်တယ် ဧကရာဇ် ဖြစ်သော်လည်း အဆင့် ၈ ဆေးလုံးဧကရာဇ်၏ အဆင့်အတန်းမှာ အင်မော်တယ် ဧကရာဇ်ထက် မနိမ့်ကျပေ။ ကောင်းကင်ချောက်ကမ်းပါး မြို့စားနှင့် အင်မော်တယ် ဧကရာဇ်တစ်ယောက်အနေနှင့် အဆင့် ၈ ဆေးလုံးဧကရာဇ်၏ ကျွမ်းကျင်မှုများအား အကြောင်းပြချက်များစွာအတွက် လိုအပ်နေသေး၏။
ရှောင်လီရှီက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်သော်လည်း ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ ကူကျူးထက် အဆင့်များစွာ မြင့်နေ၏။ အကယ်၍ ရှောင်လီရှီအား ဆေးဖော်စပ်ပေးဖို့ တောင်းဆိုလျှင် ဝန်ဆောင်ခ မည်မျှပေးရမည်ကို မည်သူ သိမည်နည်း။ တောင်းလျိုးပန်လျိုးပင် တောင်းဆိုရလောက်သေး၏။ သို့သော်လည်း မိုဝူကျိက ခြားနားပေသည်။ နယ်လှည့်ကျင့်ကြံသူဆီမှ ဆေးလုံးများကို တောင်းဆိုဖို့ရာ ပို၍ လွယ်ကူပေသည်။