အခန်း (542) book 39 End

1K 200 2
                                    

အခန်း  (၅၄၂)  :   ဆေးပညာပြိုင်ပွဲ၏ နေရာ

“ ခင်ဗျားက စီနီယာအစ်မဝမ် မလား ” မိုဝူကျီက အံ့အားသင့်သွားပြီး ပျော်ရွင်သွားကာ တစ်ဖက်မှ ခုံကို  ပြလိုက်ရင်း 

“ စီနီယာအစ်မဝမ်ရော  ဒီယုံရင်အင်မော်တယ်မြို့ ရောက်လာလားဆိုပြီး မေးနေတာ ”

ဝမ်လျန်ရှီး၏ စိတ်လှုပ်ရှားမှုမှာ အနည်မထိုင်သေးသော်လည်း မိုဝူကျီအပေါ်  သူမ ပြုမူဆက်ဆံခဲ့သည့် အကြောင်းကို အမှတ်ရလိုက်သည့်အခါ မျက်နှာမှာ နီရဲကာ ရှက်သွေးဖြာလာမိသည်။ သူမက မြန်မြန် နှုတ်ဆက်ကာ

“ ဆေးလုံးဆရာမို .... ကျမကို စီနီယာအစ်မလို့ မခေါ်ပါနဲ့ ။ တကယ်လို့ ကျမကို လေးစားတယ်ဆိုရင် လျန်ရှီးလို့ပဲ တိုက်ရိုက်ခေါ်လို့ ရပါတယ်  ”

“ ဟုတ်ပါပြီ ....  လျန်ရှီး ထိုင်ပါဦး  ”

မိုဝူကျီက ကျင့်ကြံခြင်း ဝါစဉ်အခေါ်အဝေါ်များကို စိတ်ထဲ မထားပေ။ သူက ဝမ်လျန်ရှီးထက်ပင်  အဆင့်အတန်း မြင့်နေသေး၏။ အခေါ်အဝေါ်အရ သူက သူမကို လျန်ရှီးဟု ခေါ်၍ သင့်တော်ပေသည်။

ထိုအရာကို ကြားပြီးမှ ဝမ်လျန်ရှီးကထိုင်ကာ

“ ဆေးလုံးဆရာမို ... အဲဒီအချိန်တုန်းက ရှင့်ကို  လူလိမ်တစ်ယောက်လို ထင်ခဲ့မိတာ ကျမ ကန်းနေခဲ့လို့ပါ ”

မိုဝူကျီက ခဏတာ တွေဝေနေပြီးနောက် 

“ တကယ်တော့ ခင်ဗျား မမှားပါဘူး။ ကျုပ်ကလည်း လိမ်ညာမိခဲ့တာကိုး ”

“ အာ ...” ဝမ်လျန်ရှီးက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်သည်။

မိုဝူကျီက ရှင်းပြလိုက်သည်

“ အရင်တုန်းက ကျုပ်က ထိပ်ဆုံး အဆင့်  ၃ ဆေးလုံးအကြီးအမှူး ဖြစ်နေလို့  အဆင့်နိမ့် ဆေးလုံးဘုရင်လို့တောင် ယူဆလို့ ရတယ်။  ဒါပေမဲ့လည်း ကျုပ်က အဆင့် ၉ ကောင်းကင်ဆေးလုံးဆရာဆိုပြီး ညာခဲ့မိတယ် ”

မိုဝူကျီက ယခု သူ့စကားမှာ အလိမ်အညာဖြစ်ပြီး ယခင်ပြောခဲ့သည့် စကားမှာ အမှန်တရားနှင့် ပိုနီးစပ်ကြောင်း ကောင်းကောင်း သိထားသော်လည်း လိမ်ညာရုံမှ အပ တခြားရွေးချယ်စရာ မရှိတော့ပေ။ အကယ်၍ သူ မလိမ်ညာလျှင် ယုံရင်အင်မော်တယ်နယ်မြေ၏ ဆေးပညာပြိုင်ပွဲ၌ အရည်အချင်း ထုတ်ပြသည့်အခါ ပြဿနာ ဖြစ်လာလိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Où les histoires vivent. Découvrez maintenant