အခန်း (၅၄၉) : ဒုတိယ စစ်ဆေးမှု ပြီးဆုံးခြင်း
ဆေးလုံးမှာ အဆင့် ၅ အင်မော်တယ် ဆေးလုံး ဖြစ်ရမည် ဖြစ်ပြီး သူက ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံးများကို ဖော်စပ်ရမည်။ သို့သော်လည်း ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံး တစ်မျိုးတည်းဖြင့် သူ့အား ထိပ်ဆုံးအယောက် ၅၀ ထဲ ပါလိမ့်မည်ဟု အာမခံမပေးနိုင်သေးပေ။ ဤနေရာရှိ ဆေးလုံးဆရာ အများစုက အဆင့် ၆ ဆေးလုံးဘုရင်မျာ ဖြစ်ကြ၍ အဆင့် ၆ ဆေးလုံးကို ဖော်စပ်ကြလိမ့်မည်။
ထို့အပြင် ပထမ စစ်ဆေးမှုအတွင်း သူက ရမှတ်ကို ကျန်သူများနှင့် အရမ်း ခြားမထားနိုင်လိုက်ပေ။ သန့်စင်မှု၌ ၆ မှတ်၊ ၇ မှတ်မှာ ကွာခြားချက် ကြီးသော်လည်း ဆေးလုံဖော်စပ်သည့်ကို ထည့်တွက်လိုက်သည့်အခါ ဘာမှ မဟုတ်တော့ပေ။ အကယ်၍ အဆင့်မြင့် အဆင့် ၆ ဆေးလုံးတစ်သုတ်က အမှတ် ၈၀ ရရှိသည်ဆိုလျှင် အဆင့်မြင့် အဆင့် ၅ ဆေးလုံးအတွက် အမှတ် ၃၀ သာ ရရှိလိမ့်မည်။
ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံး တစ်သုတ်စာသည် အဆင့်မြင့် အဆင့် ၆ ဆေးလုံးတစ်သုတ်စာနှင့် ညီမျှနိုင်ကောင်း၏။ သို့သော်လည်း “ ဖြစ်နိုင်ချေ” မျှသာ ဖြစ်ပြီး မိုဝူကျီက အမှတ်ပေး စည်းမျည်းကို အတိအကျ မသိပေ။
သို့သော် သူက အဆင့် ၅ ဆေးလုံးကို ဖော်စပ်လိုက်လျှင် သူ့ဆေးလုံးမှာ ရိုးရှင်းနေ၍ မဖြစ်သေးပေ။ ဤ အဆင့် ၅ ဆေးလုံး၌ အခြေအနေနှစ်ရပ်နှင့် ပြည့်စုံနေရမည်။ ပထမ တစ်ချက်မှာ အင်မော်တယ်ဆေးလုံးသည် ဖော်စပ်ဖို့ရာ ခက်ခဲပြီး တန်ဖိုးလည်း မြင့်မားရမည်။ ဒုတိယအချက်အနေဖြင့် တစ်သုတ်လုံးမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်ရမည်။
လေးလေးနက်နက် တွေးတောပြီးနောက် မိုဝူကျီက အဈေးကြီးဆုံး ဖြစ်သည့် ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးမှာ မဟာယီရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို မဟာကျီရှန်းအဆင့် တက်လှမ်းနိုင်ရန် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်သော ဆေးလုံး ဖြစ်၏။ အကယ်၍ မဟာယီရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့၌ ရတနာများလည်း ရှိသလို ကိုယ်ပိုင် တာအို နားလည်နိုင်စွမ်းလည်း အဆင့်တစ်ခုထိ ရောက်ရှိနေပါက ဤဆေးလုံးကို အသုံးပြုလိုက်ခြင်းမှာ သူ့အား မဟာကျီရှန်းအဆင့် သေချာပေါက် ရောက်စေလိမ့်မည်။