အခန်း (515)

1K 203 0
                                    

လူသားသစ္စာ  ၃၈

အခန်း  (၅၁၅)  :   နောက်ဆုံးအထိ မာနကြီးခြင်း

မိုဝူကျီက ထိုသို့ အလျှင်လိုနေသည့်သူ ဟုတ်ဟန် မပေါ်သည့် အချက်မှာ  ရှန်းမူချင်အား   စိတ်ရှုပ်ထွေးသွားစေသည်။  အကယ်၍ သူက တစ်ခုခု အကြံအစည်ရှိလျှင်ပင် ပြဿနာကို ဖြေရှင်းရန် ထိုသို့ နည်းလမ်းကို မသုံးလောက်ပေ။

ပြဿနာကို အသင့်တော်ဆုံး ဖြေရှင်းနည်းက အမြဲတမ်း ရှိမနေဘူးလား။

သို့သော်လည်း  ရတနာစံအိမ်ကို ဟန့်တားမည့် မိုဝူကျီ၏ နည်းလမ်း ကျရှုံးသွားသည်နှင့်  မိုဝူကျီအနေနှင့် သေချာပေါက် သေဆုံးရလိမ့်မည်။

အာကာပြင် စူးစိုက် ရတနာစံအိမ်၏ ကျောက်ခြင်္သေ့ကို ဖျက်စီးလိုက်သောကြောင့် သူမအနေဖြင့် ရှေ့ထွက်လာလျှင်ပင် မိုဝူကျီအလောင်းကို  အင်္ဂါအစုံအလင် ကျန်ရှိစေဖို့ရာ ခက်ခဲပေလိမ့်မည်။

…................

“ကျုပ် ရတနာစံအိမ်မှာ ဘယ်သူက လာရှုပ်ရဲတာလဲ ” ခပ်ကျယ်ကျယ် အသံတစ်သံ ထွက်ပေါ်လာပြီး ကာကီရောင် ဝတ်ရုံနှင့် လူလတ်အမျိုးသားက မိုဝူကျီရှေ့ ရောက်ရှိလာသည်။

ယခု ရတနာစံအိမ် ပထမထပ်တွင် လူဆယ်ယောက်ကျော် ရှိသော်လည်း မယုံနိုင်လောက်အောင် ငြိမ်သက်နေလေ၏။ တချို့ဧည့်သည်များက  ပြဿနာကြားညှပ်မည် စိုးရိမ်၍ ထွက်ပြေးသွားကြပြီး ထွက်မသွားကြသည့် လူများမှာ ဘေးတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြသည်။

အရူးမဟုတ်သရွေ့ ယနေ့တွင် ကိစ္စအကြီးကြီ ဖြစ်လာတော့မည်မှန်း ပြောနိုင်လိမ့်မည်။ အကယ်၍ အာကာပြင် စူးစိုက် ရတနာစံအိမ်အနေဖြင့် ဤသို့ အရှက်ခွဲခံရပြီး အပေါ်ထိ မတိုင်ကြားခဲ့ဖူးဆိုလျှင်  သူတို့က လက်ရှိအနေအထားရောက်လာမည် မဟုတ်ပေ။

မိုဝူကျီက သူ့ရှေ့တွင် ရှိနေသည့် လူလတ်အမျိုးသားကို ခြုံငုံကြည့်လိုက်သည့်အခါ မုတ်ဆိတ်မွေးနှင့်အတူ လူသတ်လိုစိတ် အပြည့် ဖြစ်နေသည့် မျက်လုံးကျဉ်းကျဉ်းကို မြင်လိုက်ရသည်။ ဤလူလတ်အမျိုးသားက သူ့အား ချက်ချင်း သတ်ပစ်လိုသည်မှာ သိသာလှသည်။ သို့သော်ငြား  သူက ထိုအတွေးကို ချိုးနှိမ်ထားလေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now