အခန်း (663)

933 174 13
                                    

အခန်း  (၆၆၃)  :   အင်မော်တယ်နယ်မြေ၏ သေမျိုးရွာ

အဆုံးအစွန် ပင်လယ်သည်  ယုံရင်  အင်မော်တယ်နယ်မြေ၏ နယ်မြေစည်း၌ တည်ရှိပေ၏။

အင်မော်တယ်နယ်မြေ ခုနှစ်ခုအနက် ယုံရင် အင်မော်တယ်နယ်မြေမှာ ဝိညာဉ်စွမ်းအား အားအနည်းဆုံးနှင့် ပါးအလွှာဆုံး  ဖြစ်၏။ နယ်နမိတ်အဖျားအနားတွင် တည်ရှိနေသော  အဆုံးအစွန် ပင်လယ်မှာ  အင်မော်တယ်လောကတစ်ခုလုံး၌ အပါးလွှာဆုံး ဖြစ်နေသောကြောင့် ဤနေရာ၌ ကျင့်ကြံဖို့ရာ မဖြစ်နိုင်ချေ။

သွေဖယ်ခြင်း ရွာမှာ ငါးဖမ်းသမား ရွာလေးအဖြစ် ယူဆ၍ ရပြီး  အဆုံးအစွန် ပင်လယ် အနား တည်ရှိ၏။

အင်မော်တယ်နယ်မြေ၌ ရွာဟု ခေါ်ဆိုရမည့် အလွန်နည်းပါးပေသည်။ ပုံမှန်အားဖြင့် ဝိညာဉ်စွမ်းအား နည်းပါးသော နေရာများကို အင်မော်တယ် အနီးဝန်းကျင်၊ အင်မော်တယ်ကျွန်းစွယ် သို့မဟုတ် အကူအင်မော်တယ်  မြို့များအဖြစ် သိကြ၏။ ရွာအဖြစ် သိနေကြသော တည်နေရာမျိုးမှာ  အင်မော်တယ်လောက တစ်ခုလုံးမှ ပစ်ပယ်ထားပြီး မည်သို့ဖြစ်ဖြစ် အသုံးမဝင်သောကြောင့် ဖြစ်ပေသည်။

ယခင်အတိတ်တုန်းက  ဤရွာကို စွန့်ပစ်ခြင်းရွာဟု  သိခဲ့ကြသည်။ နောက်ပိုင်း အင်အားစု အိမ်တော်တစ်ခု ထွက်ပေါ်လာပြီး နာမည်ကို  သွေဖယ်ခြင်းရွာဟု အမည်နာမ ပြောင်းလိုက်ခြင်း ဖြစ်၏။ မည်သိုပင် ဆိုစေကာမူ ရွာလေးမှာ အင်မော်တယ်နယ်မြေ၏ အစွန်းအဖျား ထောင့်တစ်နေရာ၌  ပျက်စီးယိုယွင်းနေသော နေရာငယ်လေး ဖြစ်ပေသည်။

ရွာလေးတွင် နေထိုင်သူ  မိသားစု သုံးဆယ်မျှသာ ရှိ၏။ ဤနေရာ၌ ထင်ရှားသော လက္ခဏာရပ်မှာ မည်သူမှ မကျင့်ကြံ ကြခြင်း ဖြစ်၏။ ဤနေရာရှိ နေထိုင်သူများမှာ  ဝိညာဉ်ကြော မရှိသူ၊ ဝိညာဉ်ကြော ပျက်စီးနေသူ သို့မဟုတ်  သူတို့ကိုယ် သူတို့ မျှော်လင့်ချက် စွန့်လွှတ်ထားသော လေလွှင့် ကျင့်ကြံသူများသာ ရှိကြပေသည်။

အင်မော်တယ်နယ်မြေ၏ ဝိညာဉ်စွမ်းအားမှာ  သာမာန်နယ်မြေများထက် ပိုများသောကြောင့် ဤနေရာရှိ ဝိညဉ်စွမ်းအားမှာ ကျင့်ကြံဖို့ရာ မလုံလောက်သော်လည်း  သွေဖယ်ခြင်းရွာ၌ နေထိုင်ကြသော သေမျိုးများအတွက် အထောက်အကူ ပြုပေသည်။ သာမာန် ရွာသားတစ်ယောက်၏ သက်တမ်းမှာ နှစ် ၂၀၀ မျှ ဖြစ်၏။ အားကောင်းသော သူ သို့မဟုတ် အင်မော်တယ်ဆေးပင်များ  စားသုံးဖူးသူတို့မှာ  နှစ် ၂၅၀ ကျော် နေထိုင်နိုင်ကြသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now