လူသားသစ္စာ စာစာဉ် (၃၇) လိုက်ပွဲ
အခန်း (၅၀၂) : စူးခရာ အင်မော်တယ်မြို့ဟောင်း
အဆင့်မြင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်နိမ့် အင်မော်တယ်ကျောက် မည်သည့်အမျိုးအစားပင် ဖြစ်စေ မိုဝူကျီဘေး၌ အမှုန့်အဖြစ် ပြောင်းကုန်ကြသည်။ အင်မော်တယ်ဆေးလုံးများ ထည့်ထားသော ပုလင်းခွံ့များလည်း ရှိနေသည်။ ထိုစဉ် မိုဝူကျီက အတွေးအားလုံး ဘေးချိတ်ထား၍ အင်မော်တယ်ကျောက်နှင့် အင်မော်တယ်ဆေးလုံးများကို အသည်းအသန် သုံးကာ သူ့ကျင့်ကြံဆင့်ကို မြှင့်တင်နေသည်။
နောက်ဆုံးဆေးပုလင်းကို အသုံးပြုပြီးသည့်နောက် မိုဝူကျီက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ့တွင် အင်မော်တယ်ကျောက်တချို့ ကျန်ရှိသေးသော်လည်း သူတို့ကို အားဖြည့်ပေးရန် အင်မော်တယ်ဆေးလုံးများ မပါရှိဘဲ အမြန်နှုန်းမှာ တဆလောက် လျော့ကျသွားလိမ့်မည်။ ထို့အပြင် ဧရာမ သင်္ဘောပျံကြီး၌ လူများစွာ ရှိနေသောကြောင့် သူက ဆက်လက် ကျင့်ကြံလိုလျှင်ပင် ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်ကို မခင်းကျင်းရဲပေ။ အင်မော်တယ်ကျောက်များမှ စွမ်းအားများ စုပ်ယူခြင်းသည် တာအိုအရိပ်အယောင် မပါရှိချေ။ ထို့ကြောင့် သူက အင်မော်တယ်ကျောက်များမှ စွမ်းအားများကို ကြောက်ခမန်းလိလိ စုပ်ယူနေလျှင်ပင် သူ လိုချင်သည့် အနေအထားသို့ ရောက်မည် မဟုတ်ပေ။
မိုဝူကျီက သူ့မေးစေ့ပေါ် ကျရောက်နေသည့် ဆံပင်များကို သပ်ကာ သူ့ဆံပင်အရှည်ကို ပြန်မစီးနှောင်ဖြစ်သည်မှာ အတော်ကြာမြင့်နေလေပြီ။ သူ့ကျင့်ကြံခြင်းကို တွေးမိပြီး စိတ်ထဲမှ သက်ပြင်းသာ ချလိုက်သည်။ သူက ဤတစ်လျှောက်လုံး တံခါးပိတ်ကာ ကျင့်ကြံခဲ့သည်။ သူက အချိန်များစွာနှင့် အင်မော်တယ်ကျောက်များ၊ ဆေးလုံးများကို အသုံးပြုထားသော်လည်း ကျင်းရှန်း အလယ်အလတ်အဆင့် ရောက်ရန် အကွာအဝေးတစ်ခု လိုအပ်နေသေးသည်။
ချီသွေးကြော ၁၀၈ ခုလုံးက ဆက်တိုက် စီးဆင်းနေသည့်အပြင် အင်မော်တဘ်ဆေးလုံးများနှင့် သူ့အင်မော်တယ် မော်တယ် ပြောင်းပြန် ကျင့်စဉ်ပါ ထည့်ပေါင်းလိုက်သည့်အခါ မိုဝူကျီက သူ့ကျင့်ကြံနှုန်းမှာ ထိုကြယ်အဆင့် ပါရမီရှင်များထက် မနိမ့်ကျကြောင်း ယုံကြည်သည်။ ထိုသို့ဆိုလျှင်ပင် သူ့အတွက် ခြေလှမ်းတစ်လှမ်းချင်းစီက အလွန်ခက်ခဲလှသည်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ မလွယ်ကူကြောင်း သိသာနိုင်သည်။