အခန်း (686)

852 151 2
                                    

အခန်း  (၆၈၆)  :  ဓားအကျဉ်းထောင်သို့ ဝင်ရောက်ခြင်း

အရွက်မဲ့ကြော တစ်ရာအသီးမှာ အဆင့် ၈ အင်မော်တယ် အသီး ဖြစ်၏။ ထိုသို့မျိုး ရတနာ လက်ဝယ်ပိုင်ဖို့ရာ အိပ်မက်သာ မက်နိုင်ပေသည်။ အရွက်မဲ့ကြော တစ်ရာအသီး၏ အကြီးမားဆုံး အသုံးဝင်မှုမှာ  အင်မော်တယ် လမ်းကြောင်း နိဗာန ဆေးလုံး ဖော်စပ်ရာ၌ ဖြစ်သည်။ အင်မော်တယ် လမ်းကြောင်း နိဗာန ဆေးလုံးမှာ မည်သို့အရာမျိုး ဖြစ်သနည်း။ ထိုအရာမှာ အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် အုပ်စိုးသူများအထိ  ဝိညာဉ်လမ်းကြောင်းကို  ပြန်လည် ကုစားပေးနိုင်လေသည်။

ယနေ့ သူက  အရွက်မဲ့ကြော တစ်ရာအသီးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေပြီ။

“ ဒီအသီးကို အချိန်ဘယ်လောက်ကြာကြာ  ဖြစ်တည်လာတဲ့  ဓားစွမ်းအင် အရိုးပန်းနဲ့ လဲနိုင်မလဲ ”

မိုဝူကျိ၏ လေသံမှာ အလျှင်စလို ဖြစ်နေပြီး မသေချာမရေရာဟန် ပေါက်နေသည်။ ထိုသို့ မေးပြီးနောက် ကျောက်စိမ်းသေတ္တာကို ချက်ချင်း ပိတ်လိုက်ကာ လက်ထဲ တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။

“ အင်မော်တယ်ရောင်းရင်း ခဏစောင့်ပေးပါ ” အရောင်းဝန်ထမ်းက ပြောပြီးနောက် ချက်ချင်း အကြောင်းလှမ်း ကြားလိုက်၏။

အချိန်တိုလေးအတွင်း အညိုရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မဟာယီရှန်းအဆင့် ကျင့်ကြံသူက အပြေးအလွှား ရောက်လာသည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဘာမှ မပြောနိုင်ခင်  အရောင်းဝန်ထမ်းက မိုဝူကျိအား ညွှန်ပြကာ အချက်ပြလိုက်သည်။

မဟာယီရှန်းအဆင့် ကျင့်ကြံသူက လက်နှစ်ဖက် ဆုပ်ကာ

“ အင်မော်တယ်ဆေးပင်နဲ့ ဘယ်လို ဓားစွမ်းအင် အရိုးပန်းအမျိုးအစားနဲ့ လဲချင်တာလဲ  ”

“ ကျုပ်က  အရွက်မဲ့ကြော တစ်ရာအသီးနဲ့ လဲဖို့ လုပ်ထားတာပါ …” မိုဝူကျိက မသေမချာ ပြောလိုက်၏။ သူ့စကားအဆုံးတွင် ကျောက်စိမ်းသေတ္တာကို တစ်ဖန် ဖွင့်ပြလိုက်ကာ မဟာယီရှန်းအဆင့် ကျင့်ကြံသူအား တစ်ချက် ကြည့်ခိုင်းလိုက်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Donde viven las historias. Descúbrelo ahora