အခန်း (548)

1K 194 3
                                    

အခန်း  (၅၄၈)  :  ဘယ်ဆေးလုံး ရွေးချယ်မှာလဲ

ဤအခိုက်အတန့်လေး၌  ပိတ်ကားချပ်၌  ဒုတိယမြောက် နေရာ ပေါ်လာလေ၏။

အမှတ်စဉ်  ၂   ၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုံလိုက် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ကုန်းယန်ရွမ် ၊ ရမှတ် - ၉၇.၇၁၁ ၊ ဒုတိယ စစ်ဆေးမှု  တက်လှမ်းနိုင်

ကုန်းယန်ရွမ်က  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၌ ထိပ်ဆုံး ဆေးလုံး ဧကရာဇ်အဆင့်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သူ့ကို ကျော်လွန်နိုင်သော ဆေးလုံး ဧကရာဇ် အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရ၏။

သို့သော်လည်း ဤဆေးလုံး ဧကရာဇ်က ဒုတိယမြောက်နေရာသာ ရရှိလေရာ  နာမည်တစ်ခုသာ ကျန်ရှိတော့သည်။ ထိုနေရာမှာ အမည်မသိ လူငယ်လေး ဖြစ်ကြောင်း အရူး ပင် သိ၏။ အကယ်၍ အစီအရင်၌ တစ်ခုခု အမှားအယွင်း မရှိဘူးဆိုလျှင်  ဤဆေးလုံးဆရာက လိမ်ညာထားခြင်းသာ ဖြစ်ရမည်။

ဤဆေးပညာပြိုင်ပွဲမှာ  အကြီးမားဆုံး ကျင်းပသည့်ပွဲ မဟုတ်သော်လည်း အရေးပါမှုက ထိပ်ဆုံးထဲမှ တစ်ခု ဖြစ်ပေသည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ပင် ဤသို့သော ဆေးပညာပြိုင်ပွဲ၌ လိမ်ညာရဲမည် မဟုတ်ပေ။ ဆေးလုံး တာအို အင်မော်တယ် မဟာမိတ်အဖွဲ့က အားကောင်းသော်လည်း  ဤသို့မျိုး ပြိုင်ပွဲ၌ လိမ်ညာရဲခြင်းမှာ  ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်လိမ့်မည်။

ကုန်းယန်ရွမ်၊ ဟန်ကျွင်းနှင့် အခြားသော ဆေးလုံး ဧကရာဇ်များက မိုဝူကျီကို ကြည့်နေကြပြီး မည်သို့ ဖြစ်သွားသည်ကို သိချင်နေကြသည်။

မိုဝူကျီက နည်းနည်းမျှ  ပျာယာခတ်သွားသည့်ပုံ မပေါ်ပေ။ သူ   ကုန်းယန်ရွှမ်၏ အမှတ်မှာ ၉၇.၇၁၁ ဟု မြင်လိုက်ကတည်းက ပထမနေရာ ရမည် ဖြစ်ကြောင်း သိလိုက်သည်။ သာမာန်အခြေအနေအောက်၌ သူက အဆင့် ၅ နှင့် အဆင့်  ၆ အင်မော်တယ်ဆေးပင်များကို ၉၉ ရာခိုင်နှုန်းကျော် သန့်စင်နိုင်လေသည်. ဤတစ်ကြိမ် ကျောက်စိမ်းတလည်းမြက်ပင်မှာ ခက်ခဲသော်လည်း ၉၉ ရာခိုင်နှုန်းအောက် ကျမည် မဟုတ်ပေ။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now