အခန်း (695)

924 146 8
                                    

အခန်း  (၆၉၅)  :   ခြေကုပ်နေရာ တစ်နေရာ ထူထောင်ခြင်း

အဝါရောင် ဝတ်စုံနှင့် အမျိုးသားက သွေးအိုင်နားတွင် သူ့ကိုယ်သူ ဒေါသတကြီး ရေရွတ်နေလေ၏။ မည်သူမဆို ထိုသူက  အနောက်ပိုင်းကျုံးပင်လယ်ရှိ နဂါးမျိုးနွယ်စုအား သတ်ဖြတ်သွားသည့် သူ ဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

“ အဲဒီလူက ဘယ်သူကြီးလဲ ” တစ်ယောက်က မေးလိုက်သည်။

“ ဒီလို လူမျိုးကို အင်မော်တယ်လောကမှာ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ရုပ်ဖျက်ထားတာ နေမယ် ” နောက်တစ်ယောက်က ဝင်ဖြေလိုက်၏။

အောင်းယွီလု မျက်နှာမှာ အရှက်သည်းလွန်းပြီး နီရဲလာလေ၏။ ဤနှစ်များ၌ သူမက မိုဝူကျိ၏ အကြောင်းများကို သွားလေရာတိုင်း သွားပုတ်လေလွင့် ပြောဆိုခဲ့သည်။

အမှန်တရားမှာ ဤနှစ်များ၌ သူမ အရှက်လိုက်ခွဲနေသော လူမှာ သူမ မျိုးနွယ်စု၏ ကယ်တင်သူ ဖြစ်နေခဲ့ပေသည်။

ထိုစဉ် သူမက အစာကျွေးသော ပြန်ကိုက်မိလိုက်သူအဖြစ် ခံစားလိုက်မိသည်။

“ အောင်းယွီလု …. ငါတို့မျိုးနွယ်စုက ကျေးဇူးတရားကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်ကြတယ်။ နင်က အမှန်တရားကိုတောင် မရှာဖွေဘဲနဲ့ မိုဝူကျိရဲ့ ကြင်နာမှုကို ဂုဏ်သိက္ခာ ပျက်ယွင်းမှု  ဖြစ်စေပြီးတော့ ပြန်ပေးဆပ်တာလား ”

“ အဲလိုဆိုရင် သူက ဘာလို့  ငါ့ကို ရှင်းမပြ .... ” အောင်းယွီလုက တစ်ဝက်တပျက် ရပ်တန့်သွား၏။ သူမက မိုဝူကျိ ရှင်းပြမည့် အကြောင်းကို နားထောင်ဖို့ရာ  ငြင်းဆန်ခဲ့ကြောင်း ပြန်လည် အမှတ်ရသွားသည်။

ယခင်က သူမအနေနှင့် မိုဝူကျိ ရှင်းပြမည့် စကားများကို နားထောင်ဖို့ရာ ငြင်းပယ်ခဲ့ပြီး သူက ပြစ်မှု ကျူးလွန်ခဲ့သူ မဟုတ်သော်လည်း ကိစ္စများက သူမ ထင်ထားသလို ဖြစ်နေဟန် ပေါ်နေသည် မဟုတ်ပါလော။

လူအုပ်ကြီးက အောင်းယွီလု၏ မျက်နှာအနေအထားကို ကြည့်ပြီး နားလည်သွားကြသည်။ အောင်းစန်းကျီက မထူးမခြားနား ပြောလိုက်၏

“ အစ်ကိုဝူကျိကို ရှင်းပြခွင့် မပေးခဲ့ဘူးဆိုတာ သိနေတယ်။ မိုဝူကျိက  ငါတို့ကို ကယ်တုန်းက ကျင့်ကြံဆင့် နိမ့်သေးတယ်။ သူ့အနေနဲ့ မင်းလိုမျိုး မဟာလော့ရှန်းအဆင့် တစ်ယောက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ တကယ်လို့ သူသာ မင်းလက်ထဲမှာ သေသွားခဲ့ရင်  ငါတို့ မျိုးနွယ်စု တစ်ခုလုံး ခေါင်းငုံ့ပြီး အရှက်တရားနဲ့ နေထိုင်သွားရလိမ့်မယ် ….  ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Donde viven las historias. Descúbrelo ahora