သီတင်းကျွတ်အတွက် အပိုင်းပို 😘
အခန်း (၅၃၇) : တျန်းဂျီဂိုဏ်း၏ အသက်ရှင်ကျန်ရစ်သူ
မိုဝူကျီက တိတ်ဆိတ်သွားလေ၏။ ယခင်စိတ်လှုပ်ရှားမှုများမှာ လေထုထဲ မျှောပါသွားကြောင်း သတိပြုမိလိုက်သည်။ သူ့အနေဖြင့် အဆင့် ၉ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင်ကို မည်သို့ သွားရှာရမည်နည်း။
မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် မပါရှိဘဲ သူက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်သို့ သွားလျှင်ပင် ဘာလုပ်နိုင်မှာလဲ .....
မိုဝူကျီ၏ တိတ်ဆိတ်နေမှုကို သတိပြုမိပြီး လင်းဂူ မပြောဘဲ မနေနိုင်တော့ချေ
“ တကယ်တော့ မြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့်က ရှာလို့ မတွေ့နိုင်တာမျိုးတော့ မဟုတ်ဘူး ”
မိုဝူကျီက လင်းဂူ စကားကို ကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို လင်းဂူ၏ ပခုံးကို ဆွဲကိုင်ကာ မေးလိုက်သည်
“ လင်းဂူ ... အဲဆိုရင် ဘယ်မှာ ရှာရမလဲ ”
နူးညံ့ညံ့ ခံစားချက်က သူ့လက်အတွင်း ဝင်ရောက်လာသည့်အခါ သူအပြူအမူမှာ မသင့်တော်ကြောင်း သိ၍ မြန်မြန် လက်လွတ်ကာ အားနာစွာ ပြောလိုက်သည် “ တောင်းပန်ပါတယ် ကျုပ် အရမ်း စိတ်လှုပ်ရှားမိသွားလို့ပါ ”
လင်းဂူက နားရွက်ဖျားနီရဲနေသည့်အထိ အရှက်သည်းနေရာမှ ပြန်ပြောလိုက်သည်
“ ကိစ္စမရှိပါဘူး။ ကျမလည်း နားလည်ပါတယ်။ ကျမလည်း ရှင့်လိုမျိုး ခံစားချက်အတူတူပဲလေ ”
မိုဝူကျီက မဆိုင်းမတွ ပြောလိုက်သည်
“ လင်းဂူ စိတ်ချနေပါ။ ကျုပ် မြေအောက် ကမ္ဘာနှလုံးသားပန်းပွင့်ကို ရှာမတွေ့ရင်တောင် ခင်ဗျားနဲ့အတူတူ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ကို လိုက်ပေးမှာပါ။ ကုသနိုင်မလားတော့ ကျုပ်လည်း သေချာမသိပေမဲ့ အကောင်းဆုံး ကြိုးစားပေးပါ့မယ် ”
“ ကျေးဇူးတင်ပါတယ် အစ်ကိုမို ...” လင်းဂူက ဦးညွှတ်ကာ ဆက်ပြောလိုက်သည်
“ တကယ်တော့ မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် ရနိုင်မဲ့ နှစ်နေရာကို သိထားတယ်။ ပထမနေရာက ရှင့်ရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ .... ”