အခန်း (၅၆၆)
ယခင်ကတည်းက ကျင့်ကြံခြင်းလောက ဖြစ်စေ၊ သာမာန် သေမျိုး လောက ဖြစ်စေ ပြန်လည် ဝင်စားခြင်း သဘောမျိုး ရှိကြသည်။ သေမျိုးလောက၌ လူအများက ဟိဟိုဒီဒီ သတင်းအကြောင်းအရာများမှ မှန်းဆခြင်းသာ ဖြစ်ပြီး ပြန်လည်ဝင်စားခြင်း အကြောင်း မတိကျ မသေချာပေ။
သို့သော် ကျင့်ကြံသူများအတွက် ပြန်လည်ဝင်စားခြင်းမှာ တည်ရှိပေသည်။ သို့သော်လည်း ပြန်လည်ဝင်စားခြင်းမှာ ကျင့်ကြံသူအများစုအတွက် များစွာ အသုံးမဝင်ပေ။ သူတို့၏ အရင်ဘဝမှ မှတ်ဉာဏ်များ ပျောက်ဆုံးသွားမည် ဖြစ်၏။ သူတို့ ပြန်လည် မွေးဖွားလာလျှင်ပင် အရင်ဘဝနှင့် မသက်ဆိုင်သည့် တည်ရှိမှုမျိုး ဖြစ်လာကြသည်။
လက်တွေ့၌ သေမျိုးအများစုအတွက်လည်း ထို့နည်း၎င်း ဖြစ်၏။ လူအများစုက သူတို့လက်ရှိဘဝနှင့် မသက်ဆိုင်သည့် ဇာတ်ကြောင်းများ ရံဖန်ရံခါ အိပ်မက်အဖြစ် မြင်တွေ့ကြရပြီး ထိုအရာများမှာ အတိတ်ဘဝမှ မှတ်ဉာဏ်အပိုင်းအစ များသာ ဖြစ်တတ်ကြ၏။ ထိုသို့မျိုးကဲ့သို့ သေမျိုးလောက၌ မုန့်ဘွားဘွား၏ စွတ်ပြုတ်အကြောင်းလည်း ခေတ်ထလာခဲ့သည်။ ထိုအကြောင်းအရာမှာ အဝါရောင်စမ်းချောင်းကို ဖြတ်ကျော်ရသည့် ဝိညာဉ်တိုင်းက ပြန်လည် မဝင်စားခင် မုန့်ဘွားဘွား၏ စွတ်ပြုတ် တစ်ခွက် သောက်ကြရလေသည်။
ကျင့်ကြံသူများက ကျင့်ကြံပြီးနောက် သူတို့အတိတ်ဘဝမှ မှတ်ဉာဏ်များ ပျောက်ဆုံးသွားကြမည်ကို သိကြသောကြောင့် မြေအောက်ကမ္ဘာသို့ ရောက်ရှိသွားပြီးနောက်တွင် ပြန်လည် ဝင်စားဖို့ရာ ဆန္ဒမရှိကြပေ။ သို့မဟုတ် သူတို့က ပြန်လည်ဝင်စားစဉ် မှတ်ဉာဏ်များကို မပျောက်ပျက်အောင် တတ်နိုင်သမျှ ထိန်းသိမ်းထားကြသည်။
တချို့သော အားကောင်းသည့် ကျင့်ကြံသူများက မှတ်ဉာဏ်များ ရရှိပြီး သူတို့၏ မျိုးဆက်အတွင်း၌ အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်လာတတ်ကြသည်။
မြေအောက်ကမ္ဘာက ဝိညာဉ်များ၏ ပျက်စီးနေသော မှတ်ဉာဏ်များနှင့် အသိစိတ်များ ဖြစ်ပျက်လာသည့် နေရာတစ်ခုမျှသာ ဖြစ်၍ ဤနေရာအတွင်း အချိန်အတိုင်းအတာ တစ်ခုအထိ ကုန်ဆုံးပြီးပါက အလိုလို ပြန်လည်ဝင်စားသွားကြသည်။
KAMU SEDANG MEMBACA
လူသားသစ္စာ [BOOK 5 ( 501-700) ]
Pertualangansequel of Book 4 Author - Goosefive